✨Part 1 ✨

7.7K 158 8
                                    

Uni

          

ညအခါတွင် တီးလုံးသံတွေနှင့် ပြည့်နှက်နေ၏ ။
ဇာတ်စင်ကြီး၏ အောက်တွင်တော့ များပြားလှသော ပွဲ ကြည့်ပရိသတ်တွေကနေရာယူလျက်ပင် ။

သေချာသည်ကတော့ ထိုနေရာက ဇာတ်ပွဲတစ်ခု ။ ထိုဇာတ်ထဲတွင် မင်းသမီး ' ရနံ့ရှင်း ' ဆိုသည့် မင်းသမီးကြောင့် နာမည်ကြီး၏ ။
ရနံ့ရှင်းသည် လှပသလောက် သူမ၏ အကစွမ်းရည်မှာလည်းပြောစရာမလိုပေ ။

" ကဲ အခုတစ်ခေါက်အလှည့်ကြသည့်မင်းသမီးကတော့ "

လူရွှင်တော်ကြီးသည်စကားမဆုံးသေးပေ။
စင်အောက်ရှိ ပရိသတ်တွေ က

" ရနံ့ ရှင်း" ဟုသာ အော်နေ၏ ။
ဒီတစ်ခေါက်ကပြဖျော်ပြေမည့်လူက ရနံ့ရှင်းပင် ။
ထိုပွဲက သူဌေးကြီးတစ်ဦး၏ အလှူပွဲတစ်ခု ။
ထိုသူဌေးကတော့ အသက် က ရနံ့လေးနှင့်မတိမ်းမယိမ်း ။
ရနံ့လေးနှင့် ထိုသူဌေးတို့သည် ထိုပွဲ ၌ မေတ္တာသက်ဝင်၍ ချစ်သူတွေဖြစ်ခဲ့ကြသည် ။

" ရနံ့ "

" ကိုခန့်ညား "

ထိုသူဌေး၏နာမည်ကတော့ ခန့်ညားရှင် ။ ရနံ့အပေါ် ဂရုစိုက်လွန်းသည့် ရနံ့၏ အချစ်ဦး ။

" ကိုယ် ရန်ကုန် ပြန်ရမှာ ။ အဲ့ဒါဒီနေ့ တစ်နေ့ တော့ "

ကိုခန့်ညားသည် ပြောရင်းပြောရင်းဖြင့် ရနံ့၏ နားသို့ကပ်လာ၏ ။
" ကိုခန့်ညားသဘောပါ ။ ဒါပေမယ့် ရနံ့ကို လက်ထပ်ပါ့မယ်လို့ပြောထားတယ်နော် "

" ကိုယ်ယောက်ျားပါကွ ကဲလာပါ ကိုယ်တို့ရဲ့ပျော်ရွှင်စရာလေးတွေ ဖန်တီးလိုက်ရအောင် "

ထိုနေ့ညကတော့ အချစ်ငှက်မောင်နှံ၏ အပြာရောင်ညဖြစ်ခဲသည် ။
ခန့်ညားရှင်ကတော့ နောက်နေ့မနက်မှာပဲ ရန်ကုန်သို့ဆင်းသွားလေ၏ ။
ရနံ့ကိုတော့ ဇာတ်မလိုက်ခိုင်းတော့ပေ ။ ဇာတ်ပိုင်ရှင်ကို ရနံ့ မနည်းပြောလိုက်ရ၏ ။
ယခု ရနံ့သည် ကိုခန့်ညား၏ မန္တလေးရှိ အိမ်၌ ။

ကိုခန့်ညား ဖုန်းမဆက်တာ ၁ ပတ်ပြည့်လေပြီ ။ ယခင်က ဖုန်းအဆက်အသွယ်လေးရပါသေးသည် ။

" ကလင်..ကလင်.....

" ဟယ်လို "

". ....."

MR. GENTLEMAN ( Uni & Zaw)  Where stories live. Discover now