✨Part 8 ✨

1.5K 76 1
                                    

Unicode
✨Mr. Gentalman ✨
    ✨part 8 ✨
___________________________

မင်္ဂလာပွဲ ကြီးကတော့ ပြီးဆုံးသွားသည် ။ အိမ်သို့ ပြန်သည့်လမ်းမှာ ဦးဒေါင်း နှင့် ရှင်းတို့သည် ဘာစကားမျှ မပြောကြချေ ။
ထိုအေးစက်နေသောလေထုအား ဦးဒေါင်းက စတင် ဖြိုခွဲလိုက်သည် ။

" ဒီနေ့ မင်းကို မုဏ်းတို့နဲ့ မိတ်ဆက်ပေးမယ် ရော့ "

စာရွတ်တစ်ခုကိုပစ်ပေးလိုက်သော ဦးဒေါင်း ။
ရှင်းလည်း ထိုစာရွက်ကိုသေချာ ကြည့်လိုက်သောအခါ

" အဲ့ထဲကလူတွေကို သေသေချာချာ ကျတ်ထား "

"ဟုတ်ကဲ့ပါဗျ "

ခေါင်းလေးငုံ့ကာပြောလိုက်သော ကောင်လေးကြောင့် ဒေါင်းမင်းတစ်ယောက် စိတ်မကောင်းပေ ။
မင်းကို မချစ်နိုင်တဲ့အတွက် ကိုယ်တောင်းပန်ပါတယ် ကောင်လေး ။
ပြီးတော့ မင်းကို ကိုယ့်ရဲ့ ကိစ္စထဲမှာပါဝင်ခိုင်းမိတဲ့အတွက်လည်း ကိုယ်တောင်းပန်ပါတယ် ။

ရှင်းတစ်ယောက် ထိုစာရွက်ကိုကြည့်လိုက်သောအခါ
များလိုက်သည့်နာမည်တွေ ။
Daddy ရယ် ရှင်းက မှတ်ဉာဏ်မကောင်းတာကိုသိရဲ့နဲ့ ရှင်းကိုလှောင်နေတာလား ။

တစ်ယောက် စီမှာ ကိုယ့်အတွေးသူ့အတွေးကိုယ်စီ နှင့်အိမ်သို့ရောက်ရှိ ခဲ့ ကြသည် ။
အိမ်သို့ ရောက်သောအခါ ဧည့်ခန်းဆောင်၌ အသင့်စောင့်နေကြသောလူတွေက မုဏ်းမမနိုင် ၊ဇွန်မိုးနှင့်သမီးမြတ် ။
သူတို့၏ မျက်လုံးတွေထဲမှာ ဒေါသတွေ ပါဝင်နေသည်ကိုရှင်းနားလည် ပါသည် ။

" ဟက် လူတောင်စုံနေကြပြီကိုး ". .

ဦးဒေါင်းမှ စကားဆိုလိုက်ခြင်းပင် ။ ထိုအမျိုးသမီးတို့က ဦးဒေါင်း၏ အသံကြားသောအခါ အပြုံးကိုယ်စီဖြင့် ။

ဦးဒေါင်းသည်  ထိုင်လိုက်ပြီးရှင်းကိုပါ ထိုင်ရန်ပြော၏ ။
ဦးဒေါင်း၏ စကားနို့ကြောင့် ဟို အမျိုးသမီး၃ ယောက်၏ မျက်နှာများသည် ပျက်လုနီးပါး ။
သို့ပေမယ့် သူတို့က ဟန်ဆောင်ကောင်းကြပါသည် ။

သူတို့ထဲမှ သမီးမြတ်ဆိုသည့်အမျိုးသမီးက

" ကိုဒေါင်းက .. လက်ထပ်တာကို မြတ်တို့ကိုတောင်မပြောဘူး မြတ်တို့က Live မှာ ကြည့်လိုက်ရတာ "

MR. GENTLEMAN ( Uni & Zaw)  Where stories live. Discover now