✨Part 9 ✨

1.3K 80 0
                                    

Uni
    ✨Mr. Gentleman ✨
      ✨part 9 ✨
______________________________

"အစ်မ နာမည်က အေ ပါ ။ တွေ့ရတာဝမ်းသာပါတယ် အစ်မတို့ရဲ့ ပထမဆုံးတေသွ့ဆုံခြင်းအတွက် "

အေ သည် သူမ၏လက်ကိုရှေ့သို့ထုတ်ကာ ရှင်းထံသို့ပေးလိုက်၏ ။
ရှင်းသည်လည်း သူ၏ လက်ကလေးအားမဝံ့မရဲလေးထုတ်ကာ

" ဟုတ်ကဲ့ပါဗျ ကျွန်တော့်နာမည်က...."

နာမည်မပြောခင်ချိန်၌ Daddy ကိုရှင်းကြည့်လိုက်၏ ။
Daddy ကတော့ ခပ်တည်တည်သာ ရှင်းကိုစိုက်ကြည့်နေသည် ။

" ဘေ ဘီငယ်ပါ ကျွန်တော့်နာမည်က "

" တွေ့ရတာဝမ်းသာပါတယ်နော် "

" ဟုတ်ကဲ့ဗျ ကျွန်တော်ရောပါပဲ "

" အေ အိမ်ကိုပဲ လိုက်ခဲ့ "

ဦးဒေါင်း၏ စကားကြောင့် ရှင်းနှင့်အေ စကားပြောနေခြင်းသည် ပြတ်သွားခဲ့သည် ။
ရှင်း Daddy စကားဖြတ်မပြောခဲ့ပါက ဘာတွေပြောရမ ယ်မှန်းမသိပေ ။

အေ နဲ့ Daddy ကတော့ ရှင်း၏အရှေ့တွင် သွားလိုက်သည် ။
အနောက်မှာကျန်ခဲ့တာကတော့ ရှင်းပေါ့ ။
Daddy နှင့် ထိုအစ်မ က သိပ်ကိုရင်းနှီးသည့်ပုံပင် ။
ရှင်းလည်း အားကျ လိုက်တာ ။

" အ့ "

ရှင်း ထိုင်လျက်သား လဲ ကျသွားသည် ။ သေချာတာတော့ ရှင်း လူတစ်ယောက်နှင့်တိုက်မိခြင်းသာ ။

" ဟေ့ အဆင်ပြေရဲ့လား "

ရှင်းကိုအဆင်ပြေရဲ့လားဟုပြောလာသည့်လူက ရှင်းကို တိုက်သွားသည့် လူဖြစ်မဘ် ။

" ဟုတ် ပြေ ပါတယ် "

" လာ ရော့ "

ထိုလူက လက် ကမ်းပေးသည်  ။ Mask အမည်း မျက်မှန်အမည်းတပ်ထားသောကြောင့် ရှင်းထိုလူ့၏ မျက်နှာကို မမြင်ရပေ ။

" ကလေး! !!"

ဦးဒေါင်းတစ်ယောက် A နှင့် စကားပြောနေရင်း ကောင်လေးကိုရှာတော့ လူတစ်ယောက်နှင့် တွေ့မိသည် ။
ကလေးအနား ဘ ယ်သူမှ အကပ်မခံနိုင်သော သူ့၏ စိတ်ကြောင့် ဒေါသတွေဟာ ကြီးထွားလာလေသည် ။

" Daddy "

ဦးဒေါင်းသည် ရှင်း တို့ ဆီ ကို တည့်တည့်မတ်မတ်သွား၏ ။
နောက်မှာလည်း A က လိုက်ခဲ့သည် ။

MR. GENTLEMAN ( Uni & Zaw)  Where stories live. Discover now