✨Part 4 ✨

1.6K 99 3
                                    

Unicode

✨Mr. Gentleman ✨
   ✨part 4 ✨
_______________________________

ဦးဒေါင်းမင်းရာဇာ သည် တစ်စုံတစ်ယောက်စောလူအား စောင့်နေ၏ ။
ထိုလူကတော့ ကောင်လေးတစ်ယောက် ။ စောင့်နေရင်း တောင်ကြည့်မြောက်ကြည့်နှင့် ဝင်လာသောကောင်လေး ။

" ရောက်လာပြီလား "

ထိုကောင်လေးအားမိမိရှိကြောင်း အသိပေးသည့်အနေဖြင့် စကားစလိုက်မိပါသည် ။

" ဟုတ်ကဲ့ ရှင်း ရောက်ပါပြီ ဦးလေးကြီး "

ထိုကောင်လေးက မိမိကိုအညွှန်းတပ်ခေါ်သော နာမ်စားကြောင့် အနည်းငယ်တော့ တင်းသွားမိသည် ။
ဘာတဲ့ ဦးလေးကြီး ။ အင်းပါ ငါလဲ ဦးလေးကြီး အရွယ်ဆိုတော့လဲ ။

" နောက်က လိုက်ခဲ့ "

ရှင်းသည်လည်း ခဏကအသံကြားပေးမယ့် ခေါင်းကို အတင်းငုံ့ထားသောကြောင့် ထိုလူကြီး၏ မျက်နှာကိုမမြင်လိုက်ရပေ ။
ကြားရသည့်အသံကြောင့် ထိုလူ အသံ အားတော်တော့်ကိုကောင်းသည်ဟု ရှင်း၏စိတ်ထဲ ကောက်ချက်ချလိုက်မိပါသည် ။
ယခုလည်း သူ့နောက်လိုက်ခဲ့ဆိုသောကြောင့် ရှင်းလည်း နောက်ကနေ လိုက်ခဲ့မိသည် ။

ထိုလူ၏ နောက်ကျောကိုမြင်နေရသော ရှင်းအဖို့ တော်တော့်ကို ကြ က်သီးထမိသည် ။
ထိုလူ၏ နောက်ကျောက ကြည့်မိသူတိုင်းကို သူ၏ အရှိန်အဝါဘယ်လောက်ကြီးမားကြောင်းပြနေသယောင် ။

တစ်နေရာအရောက်မှာ ထိုလူက ဆိုဖာပေါ်တွင်ခြေ ချိတ်ပြီး ထိုင်လိုက်၏ ။
လက်ထဲမှာလည်းဆေားလိပ်ကို ဖွာနေသေးသည် ။ အခု ရှင်းက သူ့၏ ရှေ့တွင် ခေါင်းကိုငုံ့ကာ ရပ်နေမိသည် ။
အမှန်အတိုင်းပြောရလျှင် ထိုလူ၏ မျက်နှာကိုရှင်းမကြည့်ရဲပေ ။
သို့ပေမယ့် ရှင်းထိုလူ၏ ရှည်လျားသောခြေတံကြီးကို မြင်နေရသည် ။

" မင်းနာမည်က နံ့သာရှင်း ဟုတ်တယ်နော် "

" ဟုတ်...ဟုတ်ပါတယ် ဗျ "

ထိုလူ၏အသံကြောင့်ရှင်းစကားတွေတောင်ထစ်ကုန်၏ ။

" မင်းက အခု ဒီနေ့ကစပြီးဒီအိမ်မှာနေရမယ် ပြီးတော့ ကိုယ့်ရဲ့ ကိစ္စမှန်သမျှ မင်းလုပ်ပေးရမယ် ရှင်းသလား "

MR. GENTLEMAN ( Uni & Zaw)  Where stories live. Discover now