✨Part 11✨

1.3K 73 1
                                    

✨Mr. Gentleman ✨
   ✨Part 11 ✨
_____________________________

မနက်ခင်း Breakfast ဝိုင်းက ထင်တာထက်ပိုပြီးအေးစက်နေ၏ ။
မ A က နိုင်ငံခြား မှာအနေများသောကြောင့် မြန်မာမုန့်ဟင်းခါးစားချင်တယ် ဟု ပြောသောကြောင့် ရှင်းကိုယ်တိုင်ချက်ပြုတ်ထားရသည် ။
Daddy ကလည်း မုန့်ဟင်းခါးကြိုက်သည့်အတွက် ရှင်းပိုပိုလိုလိုချက်ထားလိုက်ပါသည် ။

မ A ၏ မောင်ဆိုသူကတော့ ကော်ဖီ နဲ့ ပေါင်မုန့်မီးကင်သာ စားနေ၏ ။

" ငယ် "

" ဗျာ Daddy "

" နောက် မီးဖိုချောင်မဝင်နဲ့ "

" ဘာလို့လဲ Daddy "
.

" မဝင်နဲ့ဆိုမဝင်နဲ့ တောက်စ် "

ဦးဒေါင်းတစ်ယောက် တောက် ခေါက်ကာ ထွက်သွားလေ၏ ။
ကျန်ခဲ့သည် A တို့မောင်နှမလည်း ခဏအကြာမှာ ထသွားကြလေသည် ။

ရှင်းကတော့ တစ်ယောက်တည်းငူငူ ငိုင်ငိုင်သာကျန်ခဲ့၏ ။
ဘာလို့လဲ Daddy ။ ရှင်းချက်ကျွေးတာတွေ Daddy မစားချင်တော့လို့လား ။

-----------------------------------------
ဒေါင်းမင်းရာဇာ တစ်ယောက် breakfast ဝိုင်းမှ ထလာသော်လည်း တစ်ယောက်တည်းကျန်ခဲ့သည့်ကောင်လေးကို မကြည့်ရက်ပေ ။
မီးဖိုချောင်ထဲ မဝင်ခိုင်းတာကလည်း သူချက်ကျွေးတဲ့ ဟင်းတွေ မုန့်တွေကို ကိုယ်တစ်ယောက်တည်းစားချင်လို့ပါ ။
သူများတွေကို မင်းလေးချက်ထားတဲ့ မုန့်ဟင်းခါးကို ကျွေးဖို့အတွက် ကိုယတွန့်တိ​ြမြိတယ် ။
မင်းနဲ့တော့ ခက်ပါပြီ ကိုယ့်ရဲ့ ရှင်း ရာ ။

" Daddy "

အခန်းထဲသို့ဝင်လာသည့် ကောင်လေးကြောင့် ဦးဒေါင်း အတွေးတွေကိုဖျောက်လှရ၏ ။
" omm"

" Daddy ဘာလို့ ရှင်းကိုမီးဖိုချောင် မဝင်ခိုင်းတော့တာလဲ ဟင် "

" မင်းက အခု ကိုယ့်ရဲ့ ခင်ပွန်း ။ ကိုာ့် ခင်ပွန်းက အိမ်တော်က အလုပ်သမားတွေရှိတာ ခိုင်းရမှာမဟုတ်လား "

" ဟုတ်တော့ဟုတ်ပါတယ် ။ Daddy ဒါပေမယ့် အခု မ A တို့က Daddy ရဲ့ ဧည့်သည်တွေလေ အဲဒါကြောင့်  "

" ရှင်း "

Daddy ဆီက ရှင်းလို့ခေါ်ခံရတာအကြိုက်ဆုံးပဲ ။ ငယ် ဆိုတာကြီးကို ရှင်းတကယ်မကြိုက်ဘူး ။

MR. GENTLEMAN ( Uni & Zaw)  Where stories live. Discover now