✨Part 5 ✨

1.4K 71 3
                                    

Unicode

✨Mr. Gentleman ✨
     ✨part 5 ✨
______________________

" Daddy "

ရှင်းနားမလည်နိုင်ပေ ။ သို့ပေမယ့် Dady ဆိုတဲ့ ဝေါဟာရ က ဖေဖေ တဲ့လေ ။
မဟုတ်မှ ငါမမြင်ဖူးခဲ့တဲ့ ငါ့ဖေဖေ များလားဟု တွေးမိသွားပြန်လေပါပြီ ။

" ရှင်းဖေဖေလားဟင် "

" ဘာ! !!"

ဦးဒေါင်း ပြောစရာစကားများဟာ ပျောက်ရှ သွားခဲ့၏ ။
Daddy ဟု ခေါ်ခိုင်းသည်ကို ဒီကောင်လေး သူ့ဖေဖေဟု ထင်သွားပုံပင် ။

" ငါက မင်းဖေဖေ မဟုတ်ဘူး ခေါ်မှာတာ ခေါ် အထွန့်မတက်နဲ့ ကြားလား! ! "

" ဟုတ်..ဟုတ်ကဲ့ပါဗျ "

ထွက်သွားသောကျောပြင်လေးကိုကြည့်ရင် ဦးဒေါင်း၏ မျက်ရည် တွေဟာ ပါးပြင်ပေါ်သို့ ကျဆင်းသွား သည် ။
ဝမ်းနည်းလေသလား ။ ဝမ်းသာလေသလား သူမသဲကွဲ ။
သို့ပေမယ့် ငယ် နဲ့ တူတဲ့ကောင်လေးကြောင့် ကိုယ် ဝမ်းသာမိတယ် ။

လွန်ခဲ့သောရက်အနည်းငယ်ခန့်က

ဦးဒေါင်း တစ်ယောက် ည အိပ်မပျော်နိုင်ဖြစ်၍ အခန်းပြတင်းပေါက်ကို ဖွင့်ကာ ကောင်းကင်ရှိ ကြယ်တွေ လတွေကိုကြည့်ရှုနေမိ၏ ။
ကြည်တွေ လတွေဟာ အရမ်းကို လှပတယ်လို့ ငယ် ပြောခဲ့သောကြောင့် ယခုလို ကြည့်ရှုနေရသည်ကို သူအလွန်နှစ်ခြိုက်ခဲ့သည် ။

ငယ်မရှိတဲ့နောက်ပိုင်း ညအိပ်မပျော်နိုင်ခဲ့တဲ့ ညတွေဟာ ရေတွက်၍ မရနိုင်အောင်ပင် များပြားနေသည် ။
သို့ပေမယ့် ကံတရားက သူ့အပေါ်အလေးသာသည် ထင်ပါသည် ။

ဦးဒေါင်းတစ်ယောက် ခြံထဲရှိ တရုတ်စကားပင်အောက်မှာ၌ လူရိပ်မြင်၍ ကြည့်မိသောအခါ

" ငယ် "

ပါးစပ်က နေ ငယ် ဟူသောနာမ်စားထုတ်လွှတ်မိနေသည့်အထိ ထိုကောင်လေးက ငယ် ဆိုသည့် ချစ်ရသောလူနှင့် တကယ်ကိုတူသည် ။
သို့ပေမယ့် အခု ငယ်ဆိုသည့် လူကတော့ ဆုံးပါးသွားခဲ့လေ ပြီ ။

ဦးဒေါင်းမြင်နေရသောကောင်လေးသည် လက်နှစ်ဖက်ကိုဆန့်တန်းပြီး တိုက်ခတ်နေသောလေတွေကို ရှုရှိုက်နေပြီးပြုံးနေသယောင် ။

MR. GENTLEMAN ( Uni & Zaw)  Where stories live. Discover now