Part 9-ထိပ်တန်းလျှို့ဝှက်ဖိုင်။

5.3K 789 8
                                    

Unicode

သိမ်းဆည်းခဲ့တဲ့ပစ္စည်းတွေ ထားတဲ့နေရာကို ဟန်လုရောက်တဲ့အခါမှာ တိုက်ခိုက်ရေးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့အော်လ်ဒရင်က သူ့အနားချက်ချင်း ချဉ်းကပ်လာတယ်။ပစ္စည်းတွေကိုစားပွဲပေါ်နေရာချနေတာ အခုမှပြီးသွားပေမဲ့ သူလျှိုကဘာကိုလိုချင်လဲဆိုတာ သူတို့ခန့်မှန်းမိလိုက်တယ်။

"ဆရာ..၊ဒါကိုကြည့်ဖို့လိုအပ်တယ်။" အော်လ်ဒရင်ပြောတော့ ဟန်လုကချက်ချင်းတည်ကြည်လေးနက်သွားပြီး သူ့ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်တယ်။အော်လ်ဒရင်ရဲ့ နောက်ကိုလိုက်သွားပြီး စားပွဲနားရောက်တော့ အီရန်အန်ဒရူးနဲ့ လန်ဆယ်အန်ဒရူးရဲ့ဓာတ်ပုံတွေက ဟန်လုရဲ့အာရုံကိုဖမ်းစားသွားတယ်။သူနဲ့မိုလောင်ထရန်းနဲ့ ပတ်သက်တဲ့လူတစ်ချို့ရဲ့ ဓာတ်ပုံ ၁ပုံ၊၂ပုံကိုလည်း တွေ့လိုက်ရတယ်။ဓာတ်ပုံအများစုကတော့ မိုမိသားစုဝင်တွေနဲ့ အီရန်နဲ့လန်နဲ့ရဲ့ပုံတွေ။

"သောက်ချီးပဲ!သူက ငါတို့အကြောင်းထပ်ရှာဖွေနေတာပေါ့။" ဟန်လုက အသက်ရှိုက်ရှုလိုက်ပြီး လန်နဲ့အီရန်နဲ့စတိုးဆိုင်မှာပစ္စည်းတွေဝယ်နေတဲ့ပုံကို ကောက်ကိုင်ကြည့်လိုက်တယ်။ဓာတ်ပုံတွေကိုထပ်ကြည့်လိုက်တော့ သူတွဲခဲ့တဲ့ရုပ်ရှင်မင်းသမီးအချို့ကိုပါတွေ့လိုက်တယ်။သူလျှိုဆီမှာရှိနေခဲ့တဲ့ဓာတ်ပုံတွေကိုကြည့်ရင် သူတို့နောက်လိုက်ချောင်းနေတာ နှစ်ဝက်လောက်ရှိလောက်ပြီ။သူတို့ထဲက တစ်ယောက်မှသတိမထားမိတာ အံ့ဩစရာကောင်းချက်ပဲ။

"ဟုတ်ကဲ့။သူ့ကွန်ပျူတာထဲကဖိုင်တစ်ခုချင်းစီထဲမှာ မိုမိသားစုဝင်၊ဆွေမျိုးနီးစပ်တွေ၊သူငယ်ချင်းမိတ်​ဆွေတွေ ပြီးတော့ စီးပွါးရေးပါတနာတွေထိပါ အကုန်ရှိပါတယ်။" အော်လ်ဒရင်ကပြောတယ်။
"သူက အကုန်လုံးကိုလက်စဖျောက်ဖို့လုပ်နေခဲ့တယ်။ကျွန်တော်တို့ ဒီပစ္စည်းတွေကို အမှိုက်အိတ်ထဲကရှာတွေခဲ့တာ။" အော်လ်ဒရင်ကဆက်ပြောတယ်။

"သူ့ကွန်ပျူတာထဲမှာ ဖုန်းနံပါတ်တို့ အီးမေးလ်လိပ်စာတို့ ရှာမတွေ့ခဲ့ဘူးလား?။ငါတို့ကို ဒီတိုင်းလိုက်ချောင်းမြောင်းရတာကြိုက်တာ တစ်ခုတည်းတော့မဖြစ်နိုင်ဘူး။" ဟန်လုကမေးတယ်။ဒီသူလျှိုကလူလည်းသတ်တယ်ဆိုတော့ သေချာပေါက် တစ်ယောက်ယောက်ရဲ့သီးသန့်စုံစမ်းရေးသမားဖြစ်ရမယ်။စုံစမ်းသူကြီးပဲဖြစ်ဖို့ကလည်း သူလျှိုရဲ့ခန္ဓာကိုယ် သေချာလေ့ကျင့်ပေးထားလို့ကြံ့ခိုင်တဲ့ ပုံပေါက်တယ်။ဟန်လုက ဒီလိုလူမျိုး သူ့နောက်တောက်လျှောက်လိုက်နေခဲ့တာကို ဘယ်လိုလုပ်မသိခဲ့တာလဲဆိုပြီး တွေးနေမိတယ်။ပြီးတော့ မိသားစုထဲမှာသတိဝီရိယအရှိဆုံးဖြစ်တဲ့ ထရန်းဇီတောင်မသိဘူး။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now