Part 13-သတင်းကြီး။

4.3K 716 26
                                    

Unicode

အကိုကြီးလိုချင်တဲ့ဟာကို တစ်ညလုံးမအိပ်ဘဲရှာဖွေပြီး နောက်တစ်နေ့မှာ ထရန်းဇီက သူ့ရဲ့ဟက်လုပ်တဲ့စကေးနဲ့ မျှော်လင့်ထားသလောက် လိုအပ်တဲ့သတင်းအချက်အလက်ကိုမရတဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေတယ်။

ဗရော်နီကာချိုင်းက အံ့ဩစရာကောင်းလောက်အောင် ရှေးဆန်တာပဲ။သူမရဲ့ကိုယ်ပိုင်ဆိုရှယ်မီဒီယာအကောင့်မှာလည်း သူမရဲ့ပုဂ္ဂိုလ်ရေးအကြောင်းတွေ သိပ်မတင်ဘူး။သူမကိုယ်တိုင်တောင်သုံးရဲ့လားမသိဘူး။ပြီးတော့ အီးမေးလ်ကလည်း သူမရဲ့မန်နေဂျာရီမီလောင်းက ကိုင်တာဆိုတော့ ထရန်းဇီမှာ ဘာလုပ်စရာသိပ်မရှိတော့ဘူး။

ဗရော်နီကာရဲ့ဟန်းဖုန်းကို ဟက်လုပ်ဖို့ကြိုးစားပေမဲ့လည်း မင်းသမီးရဲ့နာမည်က ပြည်တွင်းဖုန်းလမ်းညွှန်ထဲမှာ စာရင်းသွင်းမထားဘူး။သူမရဲ့တခြားနာမည်တွေကိုသုံးထားတာဖြစ်မယ်။ဒါကြောင့် ထရန်းဇီသူမရဲ့ဖုန်းထဲကို ပို့ထားတဲ့လင့်ခ်တစ်ခုခုကိုမနှိပ်ဘူးဆိုရင် ထရန်းဇီလည်းဘာမှလုပ်လို့မရဘူး။

ထရန်းဇီက သူ့ရဲ့Maybach Exeleroကားကို စင်ဝင်အောင်တည့်တည့်မှာရပ်လိုက်တယ်။ကားထဲကနေထွက်လာပြီးတော့ နေကာမျက်မှန်တပ်တယ်။သူက မနေ့ကတည်းကဝတ်ထားတဲ့ အဖြူရောင်ရှပ်အင်္ကျီနဲ့ ကွာတားဘောင်းဘီတိုတစ်ထည်နဲ့။

အိမ်ရဲ့တံခါးဝဆီလျှောက်သွားရင်း နေအလင်းရောင်က သူ့ကိုထိုးနေတာကြောင့် ညည်းညူလိုက်တယ်။ထရန်းဇီက စံအိမ်ကိုဝင်ပြီး ထမင်းစားခန်းကိုတန်းသွားတော့ သူ့အကိုကြီးရယ်..ဒန်နီရယ်နဲ့..သူ့တူလေးက မနက်စာတူတူစားနေတာကိုတွေ့လိုက်ရတယ်။သူ့နှာခေါင်းထဲ ဒန်နီရယ်ရဲ့ဟော်မုန်းရနံ့ကတိုးဝင်လာတော့ ထရန်းဇီကစိတ်ထဲမှာညည်းတွားလိုက်တယ်။မသိရင် တမင်သက်သက်လုပ်ထားသလို တစ်ခန်းလုံးက သူ့အနံ့တွေချည်းပဲ။
တော်သေးတာပေါ့..၊သူ့အကိုတွေထက်စာရင် သူကပိုပြီးထိန်းချုပ်နိုင်စွမ်းရှိလို့။

ထရန်းဇီက စုံတွဲကို ခဏလောက်ငေးကြည့်ပြီးနောက် ထိုင်ခုံလွတ်တစ်ခုဆီလျှောက်သွားကာ ဝင်ထိုင်လိုက်တယ်။ဒေးဗစ်က အယ်လ်ဖာငယ်လေးလျှောက်လာတာကိုတွေ့ကတည်းက သူ့အတွက်ပါမနက်စာပြင်ပေးတော့ ထရန်းဇီကဘာမှမပြောလိုက်ရဘူး။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now