Part 23-အဖြူရောင်အပန်းဖြေဗီလာ။

4.1K 677 35
                                    

Unicode

ဒန်နီရယ်နဲ့ လောင်ထရန်းက တငိုငိုတရယ်ရယ်မြင်ကွင်းကို တစ်ဝကြီးကြည့်နေရတယ်။ဒန်နီရယ်က သူ့စရိုက်နဲ့ဆန့်ကျင်စွာ  မြင်နေရတာကို စိတ်ပျက်လို့ မျက်ဖြူလန်မိတယ်။ဒီနေရာကနေ ထွက်သွားချင်တာတစ်ပိုင်းသေနေပြီ။ဒီအမျိုးသမီးငိုနေတာကိုကြည့်နေရတာထက်စာရင် တခြားဘာပဲဖြစ်ဖြစ်လုပ်လိုက်ချင်တယ်။ဗရော်နီကာ ခုနသူ့ကို ဆက်ဆံတဲ့ပုံစံကိုကြုံပြီးနောက် ဒန်နီရယ်က သူမကိုထပ်ပြီးဂရုမစိုက်နိုင်တော့ဘူး။

ဒီတိုင်းကြီးထထွက်သွားရင်ရိုင်းရာကျမှာစိုးလို့။မဟုတ်ရင် ဒန်နီရယ်ထွက်သွားတာကြာပေါ့။ဒန်နီရယ်က စိတ်မရှည်ဖြစ်ကာ တိတ်တဆိတ်ညည်းတွားလိုက်ပြီး သူ့ယောကျာ်းရဲ့လက်မောင်းကြား တိုးဝှေ့ကာ မျက်နှာအပ်ထားလိုက်တယ်။လောင်ထရန်းကအထွန့်မတက်ဘဲ ဒန်နီရယ့်ကိုပွေ့ဖက်ထားပေးလိုက်တယ်။လောင်ထရန်း ကိုယ်တိုင်လည်း စိတ်မရှည်ဖြစ်နေပြီ။

"အိုခေ..ပြီးပြီဆို ကျွန်တော်သွားပြီ။" ထရန်းဇီက သူ့အမေရဲ့အဖြေကို မစောင့်တော့ဘဲ အခန်းထဲကနေ မိုဟန်လုပျောက်သွားတဲ့နေရာကို ထွက်သွားတယ်။ဗရော်နီကာ အနားမှာရှိတဲ့အခါ သူ့သားတွေရဲ့ဖြစ်နေတဲ့အပြုအမူကို ကြည့်ပြီး လော်ရာမိုက စိတ်ဖိစီးလာတော့တယ်။သူမရဲ့ယောကျာ်း ချန်တုံးသာရှိရင် သူမကိုကူညီပေးနိုင်မှာပဲလို့ မျှော်လင့်မိတယ်။

"သ-သမီး အိမ်ကိုပြန်လိုက်တော့မယ်။အ-အခု လောလောဆယ် ဒီနေရာနဲ့အဝေးဆုံးမှာပဲ နေချင်တယ်။" ထရန်းဇီပြန်သွားပြီးနောက် ဗရော်နီကာကလည်း အချိန်ကိုက် ပြန်မယ်ပြောတယ်။သနားကမားပုံစံသရုပ်ဆောင်တဲ့နေရာမှာ သူမက တော်တယ်။ဒါပေမဲ့ အဲ့ဒါကသူမရဲ့နဂိုစရိုက်နဲ့ မကိုက်ညီဘူး။ဗရော်နီကာက အားနည်းတဲ့သူတစ်ယောက်ဖြစ်ရတာမျိုး လုံးဝမကြိုက်ဘူး။အနိုင်ကျင့်ခံရတာထက်စာရင် အနိုင်ကျင့်တဲ့သူမျိုးပဲ ဖြစ်ချင်တာ။

"အဆင်ပြေတာသေချာရဲ့လား သမီး?။အန်တီ ရှောင်လူ့ အစားတောင်းပန်ပါတယ်ကွယ်။သူအဲ့လိုမျိုး ထပ်မလုပ်စေရဘူးလို့ အန်တီ အာမခံပါတယ်။"

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now