Part 47-ဆူဆန်ဆူလန်။

4.7K 732 40
                                    

Unicode

"မဒမ် ကျွန်တော်လုပ်ခဲ့ပြီးပြီ။အဲ့ဒီ့အိုမီဂါကောင်ရဲ့ကလေးက သေချာပေါက်အသက်ရှင်မှာမဟုတ်ဘူး။လက်ကျန်ငွေကို ကျွန်တော့်အကောင့်ထဲလွှဲပေးဖို့သာ မမေ့ပါနဲ့"

ထိုလူရဲ့ခန္ဓာကိုယ်ပေါ်မှာ ချွေးတွေစီးကျရင်း မျက်နှာက စာရွက်ဖြူတစ်ရွက်ကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေတယ်။

"ကောင်းတယ်! ငါအခု မင်းဆီပိုက်ဆံလွှဲလိုက်မယ်။သူ့ရဲ့ရွံစရာကောင်းတဲ့သန္ဓေသားက အသက်ရှင်တယ်ဆိုရင်တောင်မှ ဦးနှောက်ချို့ယွင်းသွားလောက်တယ်" အမျိုးသမီးက ဖုန်းလိုင်းရဲ့တခြားတစ်ဖက်ကနေ ပြန်ပြောတယ်။

လက်စားချေနိုင်သွားတဲ့အတွက် အောင်နိုင်သူအပြုံးက သူမရဲ့နှုတ်ခမ်းပေါ်မှာပေါ်လာတယ်။ဒါကအခုမှအစပဲရှိသေးတာ..ဒါပေမဲ့ လက်စားချေရတာခံစားလို့ကောင်းတယ်ဆို ငြင်းမရဘူး။

အဲ့ဒီ့အိုမီဂါက သူမသမီးလေးကိုထောင်ထဲပို့ရဲတယ်ပေါ့..ပြီးတော့ အရူးမတစ်ယောက်လိုဖြစ်အောင်လုပ်ပြီး စိတ်ကျန်းမာရေးဆေးရုံတောင်ပို့လိုက်သေးတယ်။

အဲ့ဒီ့အိုမီဂါက လက်ထပ်လိုက်လို့ အသိုင်းအဝိုင်းကြီးမိသားစုတစ်ခုထဲ ရောက်သွားတယ်ဆိုရင်တောင် အဲ့ဒါက သူ့ကိုထိလို့မရဘူးလို့ဆိုလိုတာမှမဟုတ်တာ..သူတို့မိသားစုကိုလည်း ထိလို့မရတာမျိုးမဟုတ်ဘူး။

သူမက စိတ်မကျန်းမာတဲ့မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာ ဆရာဝန်တွေယုံကြည်အောင်စည်းရုံးပြီးတဲ့အခါမှာ သူမအစ်ကိုရဲ့အကူအညီနဲ့ အဲ့ဒီ့ငရဲလိုနေရာမျိုးကနေ လွတ်မြောက်လာခဲ့တယ်။

လွန်ခဲ့တဲ့၂နှစ် သူမ စိတ်ကျန်းမာရေးဆေးရုံကိုပို့ခံလိုက်ရတုန်းက သူမပြန်လွတ်လာတဲ့အခါ သမီးဖြစ်သူက အရူးမလုံးလုံးဖြစ်ပြီး ယောကျာ်းလုပ်သူကလည်း ဘာမှာမှရှာလို့မရလိမ့်မယ်လို့ မထင်ခဲ့ဘူး။

အဲ့ဒီ့၂နှစ်လုံးလုံးမှာ သမီးနဲ့ယောကျာ်းက ဆေးရုံကိုဘာလို့လာမတွေ့လဲလို့ စဉ်းစားနေခဲ့တာ။ပြီးတော့ ပြန်လွတ်လာတော့လည်း ယောကျာ်းဖြစ်သူရဲ့အကူအညီကြောင့်မဟုတ်ဘဲ အစ်ကိုကြောင့်တဲ့လား?

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now