Part 32-အန္တရာယ်ရှိတာတစ်ခုခုဖြစ်တော့မယ်!

3.8K 579 7
                                    

Unicode

"ငါတို့ကိုသတ်မယ်ဆို မစ္စတာမိုလည်း ဘာမှရမှာမဟုတ်ဘူး။ဗစ်ကီက ငါတို့ကိုသတ်ပစ်ဖို့ကြိုးစားနေတာသာ အမှန်ဆိုရင် ဒီမှာနေတာငါတို့အတွက် ပိုလုံခြုံစိတ်ချရမယ်လို့ ငါယုံတယ်။သူ့ရဲ့လူက ငါတို့ကမျက်မြင်သက်သေလို့ပြောသွားတယ်လေ..သူ့ရဲ့မျက်မြင်သက်သေတွေကိုရှင်းပစ်ဖို့ လုပ်ရင် သူ့အတွက်လည်းဘာကောင်းကျိုးမှမရဘူး..ဟုတ်တယ်မလား?"

"ရီမီ၊ နင်ကအရမ်းရိုးသားတာပဲ..မိုမိသားစုက ဒီလောက်အင်အားကြီးတာ..အဲ့ဒီ့မိန်းမကိုရှင်းထုတ်ပစ်ဖို့ သူက ငါတို့ကို တကယ်လိုအပ်လိမ့်မယ် ထင်နေတာလား? ငါတို့အရမ်းသေချာနေလို့မရဘူး။ငါတော့ ငါကိုယ့်ငါပဲ ယုံကြည်ရင်းနေလာတာ။အခွင့်အလမ်းတစ်ခုတွေ့ရင် ဒီနေရာကနေလွတ်မြောက်အောင်ကြိုးစားမှာ..နင်ရောငါနဲ့လိုက်ခဲ့ချင်လား?"

အီသန်ကပြောရင်း ပြတင်းပေါက်တံခါးကိုဖွင့်လို့ရမလားကြိုးစားချင်တော့ အံ့အားသင့်စွာ ပွင့်သွားတယ်။

"ဘင်ဂို!" အီသန်က ပြတင်းပေါက်ကနေ ခေါင်းပြူကြည့်လိုက်ပြီး မျက်လုံးက လွတ်မြောက်နိုင်မဲ့လမ်းကြောင်းတစ်ချို့ကိုရှာကြည့်လိုက်တယ်။ပြီးမှ အထဲပြန်ဝင်ကာ အခန်းအတွင်းကိုလှည့်ပတ်ကြည့်နေပြန်တယ်။

"အီသန်..အဲ့ဒါက၃ထပ်ကြီးတောင်နော်..ပြီးတော့ နင်ကနေလည်းကောင်းသေးတာ မဟုတ်ဘူး။တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?! ဒီမှာပဲနေပြီး မစ္စတာမိုပြောမဲ့စကားကိုနားထောင်ကြည့်ကြရအောင်လေ။သူက လွယ်လွယ်ရင်ဆိုင်လို့ရတဲ့ရန်သူမဟုတ်မှန်း နင်လည်းသိသားနဲ့..အကယ်၍ ဒီကနေထွက်ပြေးနိုင်ခဲ့ရင်တောင် သူနင့်ကိုပြန်ရှာတွေ့မှာပဲ။အဲ့လောက်ထိ သူကအင်အားကြီးတယ်။"

ရီမီက နားချတော့ အီသန်ကရယ်ပြီး သူ့သူငယ်ချင်းမလေးရဲ့နှာခေါင်းကို ဆွဲညှစ်လိုက်တယ်။

"နင်ကအမြဲအဲ့လိုပဲ ရီမီ..အဲ့လိုဆိုဘယ်စိတ်လှုပ်ရှားစရာကောင်းတော့မလဲ?! ဒီနှစ်တွေမှာ ဘယ်လိုပျော်ပါးရမလဲဆိုတာ မလေ့လာရသေးဘူးလို့ ငါ့ကိုလာမပြောနဲ့နော်?"

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Donde viven las historias. Descúbrelo ahora