Part 25-အကိုလတ်ရဲ့အိုမီဂါကိုသွားရှာတော့!။

5K 713 17
                                    

Unicode

"ကိုယ်မင်းကိုချစ်တယ်" လို့ပြောဖို့ဘယ်လောက်တောင်ခက်ခဲလို့လဲ?!။အဲ့လောက်လည်းပြောရမဆိုးဘဲနဲ့! ဟန်လုကစဉ်းစားပြီး သူတစ်နေ့နေ့ကျရင်ပြောချင်လာလိမ့်မယ်လို့ မထင်ထားတဲ့စကားလုံး၃လုံးကို အော်ပြောလိုက်တယ်။

"မင်းအခန်းထဲလျှောက်ဝင်လာရင် ကိုယ့်ရဲ့စိတ်ဝိညာဉ်က ပျော်ရွှင်စွာခုန်ပေါက်တယ်။မင်းဆီက နွေးထွေးမှုလေးကို ကိုယ်တောင့်တမိတယ်...မင်းကိုကြိုက်တယ်..ကိုယ့်ရင်ထဲမှာ မင်းကနေရာယူထားတယ်...ကိုယ်ကတော့ မင်းကို အရူးအမူးစွဲလမ်းနေမိပြီ။" သောက်တာမကြာသေးပေမဲ့ ပြင်းရှတဲ့အရက်ပုလင်းက ကုန်လုဆဲဆဲဖြစ်ပြီး မူးဝေကာ ဟန်လုကသူ့ဟာသူရေရွတ်နေတယ်။

အရက်မူးပြေရင် ရှက်ရွံ့စေမဲ့စကားတွေကို ဟန်လုက ဆက်ပြီးရေရွတ်နေတယ်။ဟန်လုက သူ့ညီလေးမိုထရန်းဇီက မိုစံအိမ်ကနေ သူ့ရဲ့ကိုယ်ပိုင်ဗီလာကို လိုက်လာခဲ့မှန်းတောင် မသိခဲ့ဘူး။

ဟန်လုရဲ့ဘားကောင်တာရှေ့တံခါးဝမှာ လက်ပိုက်ကာ ထရန်းဇီကမတ်တပ်ရပ်နေပြီး သူ့ရဲ့အိုမီဂါထားခဲ့တာခံရလို့ ပျက်စီးနေတဲ့ သူ့အကိုလတ်ကို တိတ်တဆိတ် အကဲခတ်နေတယ်။ဒီမြင်ကွင်းက သူ့အကိုနှစ်ယောက်လို အချစ်မှာမနစ်မျောစေနဲ့လို့ သူ့ကိုသတိပေးနေသရောင်...သူတို့ရဲ့ရှိန်လောက်တဲ့ ပုံရိပ်တွေက ရောဂါကပ်ဘေးရဲ့ဖျက်ဆီးခြင်းကို ခံလိုက်ရပြီ။ထရန်းဇီက ၃ယောက်မြောက်တော့ အဖြစ်မခံနိုင်ဘူး။

"ဟေး..မသောက်နဲ့တော့။ဒါက ဘာမှအကူအညီမှပေးမှာမဟုတ်ဘူး!။" ထရန်းဇီက သူ့အကိုလတ်ရဲ့မူးမူးရူးရူးစကားတွေကိုကြားရတာ တော်လောက်ပြီ။ဖျော်ဖြေရေးအတွက် သူ့အကိုလတ်ကို စနောက်မလားလို့စဉ်းစားနေခဲ့တာ။ဒါပေမဲ့ ဟန်လုက သနားစရာကောင်းတဲ့ အခြေအနေကိုရောက်နေပြီဆိုတော့ ထရန်းဇီကထိုအကြံကိုရုတ်သိမ်းလိုက်တော့တယ်။အကိုလတ်ကိုစနောက်လိုက်ရင် သူကိုယ်တိုင်တောင် အပြစ်ရှိသလို ခံစားမိလိမ့်မယ်။

ထရန်းဇီက သူ့အကိုရဲ့ခံစားချက်အစစ်အမှန်တွေကို ပွင့်ထွက်အောင်လုပ်ဖို့ ပထမတုန်းကစီစဉ်နေခဲ့တာ...ဒါပေမဲ့ အခုတော့ သူ လုပ်စရာတောင်မလိုတော့ဘူးပဲ။ဟန်လုနဲ့ထရန်းဇီက တစ်ယောက်ကိုတစ်ယောက် စနောက်လာခဲ့ကြတာကြာပေမဲ့ ဘယ်အချိန်ကလေးဆန်တဲ့အပြုအမူကို ရပ်ရမလဲတော့ သိတယ်။

ငါ့ယောကျာ်းကမာဖီးယားဘော့စ်[Myanmar Translation-Book 2]Where stories live. Discover now