အခန်း (၄)

79K 9.2K 3.2K
                                    


ဆိုင်ကယ်ရဲ့အရှိန်ကပုံမှန်စနစ်နဲ့ငြိမ့်ငြိမ့်ကလေးကတ္တရာလမ်းမတွေအပေါ်ပြေးဆွဲနေတယ်။ နံဘေးကနေဖြတ်ကျော်လာခဲ့တဲ့ ၊ လူ  ၊ သစ်ပင်၊ချောင်းကြီး၊ချောင်းငယ်တွေအားလုံးနေသက်နွေးကငြိမ်ငြိမ်လေးပဲလိုက်ငေးကြည့်နေတယ်။

ရုတ်တရက်ဆိုင်ကယ်ကခလုတ်တစ်ခုကိုသွားတိုက်မိတော့ငြိမ့်ခနဲဖြစ်ပြီးအကွာအဝေးကပိုပြီးနီးကပ်သွားရော။

  " ဒီဘက်လမ်းတွေကနည်းနည်းကြမ်းတယ် ၊ မင်းသေချာကိုင်ထားနော် "

အဲ့လိုပြောပြီးစောစောလေးကအရှိန်ထက်ပိုမြန်တော့နေသက်နွေးဆိုင်ကယ်အမြှီးကလက်ကိုင်ကိုတင်းနေအောင်ဆုပ်ထားလိုက်မိတယ်။

နွေရာသီဖြစ်တာမို့ ညနေ၄နာရီအချိန်ဆိုတာနေအပူရှိန်ရှိနေသေးတယ်။လမ်းဘေးအအေးဆိုင်လေးတွေကတော့လူတစ်ယောက်စ၊နှစ်ယောက်စရှိနေတုန်းပဲ။

ဆိုင်ကယ်ကိုခြေတစ်ဖက်ထောက်ရင်းနောက်လှည့်ပြီးအဲ့လူကမေးတယ်။

   " မင်းအအေးသောက်အုံးမလား"တဲ့။

'သင့်လျော်သလို 'စီစဥ်မှုတွေကြားနေသားကျခဲ့မို့လို့ 'မလား 'ဆိုတဲ့ရွေးခြယ်မှုဝါကျတွေတိုင်းကနေသက်နွေးအတွက်စိမ်းသက်နေတုန်းပါပဲ။

အသေးအမွှားကိစ္စလေးတွေဆိုပေမဲ့သူလူမှန်းသိတက်စကတည်းက ဘယ်လိုရွေးခြယ်မှုမျိုးမှမလုပ်ခဲ့ရဘူးလေ။

   " ဟေး သေးထွက်! "

ထပ်ခေါ်ပြန်ပြီ ။ နေသက်နွေးခေါင်းလေးစောင်းသွားပေမဲ့ အကြည့်ကိုထပ်လွှဲလိုက်မိတယ် ။

အဲ့လူကတော့ရယ်ပါတယ်။

   " ဇီးဖျော်ရည်သောက်ကြည့် ၊ အပေါ်ကဆေးကုလားမလေးတွေကအရမ်းကောင်းတယ် "

ဖျော်ရည်နီနီတွေပေါ်ဝဲနေတဲ့မည်းမည်းအခဲလေးတွေကနေသက်နွေးရဲ့ စိတ်ကလေးကိုပြန်ခေါ်ပေးတယ်။

ဆိုင်ရှင်ကဖျော်ရည်နီနီတစ်ခွက်ကိုအဲ့လူကိုအရင်လာချပေးတယ်။

"ဆရာလေးရေ၊ရေခဲကုန်နေလို့ဒီနားလေးတင်သွားဝယ် ခဏနော် "

ပိုက်ကိုတစ်ချက်မွှေပေးပြီး အဲ့လူကဖျော်ရည်ခွက်ကိုသူ့ဘက်တွန်းပို့ပေးတယ်။

နေရောင်ခြည်လို   နွေးWhere stories live. Discover now