အခန်း ( ၃၃ )

70.4K 7.6K 799
                                    


   အလုပ်သွားချိန်သည်ကိုးနာရီအရောက်ဖြစ်၏။ မနက်အစောထတတ်သောအကျင့်မှာဟိုအရင်ကတည်းကမို့ကျော်ဇေယံထွဋ်အတွက်တော့သိပ်အခက်ခဲမရှိလှ။

နွေးကတော့နိုးလည်းရင်ခွင်ထဲကွေးကွေးလေးမှိန်းနေတတ်၏။ ကမ္ဘာပေါ်တွင်အလှဆုံးကမိုနာလီဇာအပြုံးလို့တင်စားတဲ့အပေါ်နှာခေါင်းရှုံ့မိတဲ့အခိုက်တန့်ဟာရင်ခွင်ထဲကကောင်ငယ်လေးအိပ်ရာထသည့်အချိန်သာဖြစ်သည်။

သူသိပ်တဲ့အချိန်အိပ်ကာ၊သူနိုးတဲ့အချိန်ထတတ်တဲ့ကောင်လေးကတော့ကျော်ဇေယံထွဋ်ဘယ်လိုပဲညင်ညင်သာသာထသည်ဖြစ်စေသိကာထထိုင်နေတတ်သည် ။

မနက်ခင်းလင်းတာနှင့်အမျှပိတောက်အိုလမ်းလေးသည်စက်ဘီး၊ဆိုင်ကယ်၊ဆိုက်ကားတွေဖြင့်စည်ကားနေ၏။

လမ်းဘေးတွင်ထမင်းကြော်ဆိုင်သေးသေးလေးရှိကာ၊ပိတောက်ပင်ရိပ်တွင်ရှိသည်မို့ဧပရယ်လမှလက်ကျန်ပိတောက်ဖူးတွေသည်မိုးစက်အထိတွင်ဝေဝေဆာဆာပွင့်လန်းလို့နေသည်။

   " ထမင်းကြော်သွားဝယ်စားကြမယ် "

အိမ်ထဲကအိမ်ပြင်တောင်ဆည်းလည်းလေးအားခေါင်းဖြင့်တိုက်ရန်အတွက်သာထွက်သောကောင်လေးသည်ခေါ်ဆောင်ရာနောက်ငြင်းဆန်ပြန်သည်။

မလန်းဆန်းတဲ့စိတ်လေးအဖို့ကမ္ဘာအသစ်တွင်ချစ်ခြင်းမေတ္တာတွေအကြောင်း၊လူတွေရဲ့စစ်မှန်ရိုးသားတဲ့အပြုံးတွေအကြောင်း နွေးကိုအများကြီးပြသချင်မိသည်။

ကျော်ဇေယံထွဋ်နွေး၏လက်ချောင်းတွေအားယှတ်သိုင်းလိုက်ရင်းလက်ဖမိုးလေးအားဆုပ်ယူနမ်းရိူက်၏။

ယုန်သူငယ်ဖွယ်နားရွက်လေးတွေမှာပန်းရောင်ဖျော့ဖျော့ရစ်သိုင်းရင်းဖြူစင်သန့်ရှင်းသည့်မျက်ဝန်းတွေမှာဝိုင်းစက်လို့။

   " ကိုယ့်ကိုယုံ  နွေး  ၊ အကောင်းဆုံးတွေတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမဲ့ အဆိုးဆုံးတွေကိုတော့ကိုယ်ထပ်ပြီးအဖြစ်ခံမှာမဟုတ်လို့ ကိုယ့်ကိုယုံ နွေး "

လက်ချင်းယှတ်ရင်းခြေလှမ်းတွေအားစတင်တဲ့အခါဆည်းလည်းမှဝမ်းမြောက်စွာခါယမ်းပြလာသည့်နှယ်။

နေရောင်ခြည်လို   နွေးWhere stories live. Discover now