တနဂ်နွေနေ့ဖြစ်တာမို့ကျော်ဇေယံထွဋ်ဆေးရုံသွားရန်မလိုချေ ။ ရေချိုးခန်းတွင်းကျော်ဇေယံထွဋ်ဝင်သွားပြီးနောက် ဖုန်းမြည်လာချေ၏။ဖုန်းအားနားနှင့်ကပ်ပြီးကာမှအန်တီမြင့်မှန်းသိတဲ့အခါနေသက်နွေးအလိုလိုကိုတွန့်သွားချေသည်။
ဒေါ်မြင့်သည်လည်းသဘောပေါက်သွားဟန်ဖြင့်လေလှိုင်းနှစ်ခုချိတ်ဆက်မှုသည်ခေတ္တခဏတိတ်ဆိတ်သွား၏။
" သား ကိုကိုကြီးရော "
" ရေ ...ရေချိုး ..ရေချိုးနေ...တယ် "
" ညနေအားရင်အိမ်ကိုခဏလာအုံးလို့ပြောပေးပါအုံး "
နေသက်နွေး၏ခေါင်းလေးသည်တဖက်လူမမြင်ရသော်လည်းအလိုလိုငြိမ့်ပြမိသွားသည်။
" သားလည်းလိုက်လာချင်လိုက်ခဲ့လေ အရေးကြီးလို့ "
" ဘယ်သူလဲ နွေး .."
ရေချိုးခန်းတံခါးပွင့်လာပြီးနောက်ရေလဲပုဆိုးအားတိုတိုဝတ်ထားသောကျော်ဇေယံထွဋ်သည်ရေချိုးဝတ်သောပုဆိုးအစိုအားရေညှစ်လို့ပခုံးထက်တင်ရင်းလှမ်းမေးလာ၏။
" အန်... အန်တီမြင့် "
" ဘာတဲ့လဲ။ ညနေတောင် ကိုယ်သွားမို့တွေးနေတာ ဂျူတီကုတ်နဲ့ဆေးရုံဝတ်စုံတွေအိမ်မှာကျန်ခဲ့တာလေ။ကိုယ်တို့အိမ်မှာ ရှိတဲ့သုံးထည်နဲ့ကမလောက်တော့ဘူး "
ကျော်ဇေယံထွဋ်၏ဝတ်စားနေထိုင်ပုံမှာယခင်ကထက်ပို၍ပေါ့ပါးလာခဲ့သည်။ခင်ကတံဆိပ်ကောင်းကောင်းတွေဝတ်တတ်ပေမဲ့အခုဆိုသာမန်တီရှပ်၊အိမ်နေရင်းဆိုစွပ်ကျယ်လောက်သာဝတ်၏။
ဖုန်းအားလက်ထဲတွင်ကိုင်လို့သူ့ထံငေးနေသောကောင်လေးအားရေစက်တို့ဖြင့်တောက်လိုက်တော့တွန့်ခနဲ။
" ရင်သားတွေကလှလို့လား "
သူ၏ချပ်ကပ်သောရင်ဘက်အားကော့ပြကာဆိုလာတော့နွေးကရယ်၏။ တွန့်ခနဲပြုံးတာမျိုးမဟုတ် ၊ မျက်တောင်ရှည်တွေအောက်သို့ညွှတ်ကျလို့၊မျက်ဝန်းဝိုင်းဝိုင်းလေးပိတ်သွားသည်အထိရယ်လိုက်တာဖြစ်သည်။