အခန်း ( ၃၁)

68.6K 7.5K 544
                                    


ကျော်ဇေယံထွဋ်အမေ့အိမ်သို့ရောက်တဲ့အခါမထင်မှတ်ထားသည်မို့တအံ့တသြဖြစ်ကုန်ကြ၏။

" ဘယ်လိုလုပ်ပြန်ရောက်လာတာလဲ"

အမေမျက်နှာပေါ်မှအရိပ်အယောင်တွေသည်ပြက်သားနေဆဲ။ဖြစ်လာသမျှဖြေရှင်းမည်ဟူသောခံယူချက်တွေမှာထင်ထင်ရှားရှား။

" နွေးအဖေဆုံးတာ၊နွေးအမေဆုံးတာ၊နွေးကျန်းမာရေးမကောင်းတာဒါတွေဘာလို့အမေသားကိုမပြောခဲ့ရတာလဲ။ သားအမြဲမေးခဲ့တယ် အမေဘယ်တုန်းကမှရေရေရာရာမပြောခဲ့ဖူးဘူး ဘာလို့လဲအမေရယ်၊ဘာလို့လဲ"

ကျော်ဇေယံထွဋ်၏အသံမှာမတိုးမကျယ်ဖြစ်ကာ၊ယူကြုံးမရမှုတွေကြောင့်တုန်ယင်နေရှာ၏။

" မသိစေချင်လို့လေ ။ ရှင်းနေတာပဲမဟုတ်ဘူးလား ၊ ငါလုပ်ခဲ့သမျှတွေကနင်ကောင်းဖို့အတွက်ချည်းပဲ "

" နွေး နဲ့ ဝေးနေတဲ့ရက်တွေအတွင်းသားအခြေနေကသိပ်ကောင်းနေတယ်လို့အမေထင်လား ၊ သားလေ အမေ့သားရူးတော့မလိုပဲ "

ကျွန်းကုလားထိုင်ခုံ၏လက်ရမ်းအားတင်းကြပ်စွာဆုပ်ကိုင်ထားရင်း၊ဒေါ်မြင့်ကအံကြိတ်လိုက်မိသည်။ သားလုပ်သူအပေါ်ထားတဲ့မေတ္တဟာအတ္တဆန်သော်လည်း၊နေသက်နွေးအပေါ်မရားမှန်းသိသော်လည်း။

သူ့အတွေးထဲရှိသားလုပ်သူ၏ကြင်ယာဖက်သည်လရိပ်သွင်၊ဒါမှမဟုတ်မြင့်မားတဲ့စံနှုန်းရှိသည့်မိန်းကလေးတွေသာဖြစ်ခဲ့၏ ။ နေသက်နွေးလိုကလေးမျိုးမဟုတ်ခဲ့။

" သက်နွေးကလေ အဲ့ကလေးကနင့်အတွက်ဘာစံနှုန်းတွေမှီနေလို့လဲ..!! "

" သားအတွက်ဘာစံနှုန်းမှမလိုဘူးအမေ။ နွေးကိုချစ်တာမို့ နွေးဖြစ်နေရင်ရပြီ "

ပုဆိုးအားရိုးစင်းစွာဝတ်စားထားကာ၊လည်ကတုံးအားလက်ဖျံအထိခေါက်တင်ထားသောကျော်ဇေယံထွဋ်၏ပုံရိပ်သည် အမေ့ရှေ့ရိုကျိုးသန်မာစွာ။

ကျော်ဇေယံထွဋ်အိမ်၏ဧည့်ခန်းနံရံတွင်ချိတ်ထားသောဘွဲ့ယူခဲ့စဥ်ကပုံအားကြည့်လိုက်မိသည်။ ထိုစဥ်ကအမေ့အပြုံးသည်အတောက်ပဆုံး၊ဂုဏ်ယူမဆုံး၊သူ့လက်အားချိတ်လို့ဝင့်ကြွားနေသောအမေသည်ထိုအခိုက်တန့်မျက်ရည်ဖြိုင်ဖြိုင်ကျလို့ငိုခဲ့ဖူးသည်။

နေရောင်ခြည်လို   နွေးWhere stories live. Discover now