အခန်း(၁၆)

67.9K 7.9K 1.1K
                                    


ကျော်ဇေယံထွဋ်ဆေးရုံမသွားခင်နေသက်နွေးအားဂရုတစိုက်အလုံးစုံမှာကြားနေ၏။ ကမ်းပါးနှင့်ဝေးသော်လည်းသွားမယ်ဆိုရင်တော့နီးနီးလေးမျှသာ။ ထို့ကြောင့်မို့စိတ်မချနိုင်ပါချေ။

     " ပိုက်ဆံက ငါ့အခန်းထဲကဗီရိုထဲမှာရှိတယ်။ မင်းလိုအပ်ရင်ယူသုံး "

နေသက်နွေးကတော့ခေါင်းလေးငြိမ့်ပြရုံသာ။ ကျော်ဇေယံထွဋ်ကတော့သူ၏ကျောပိုးအိတ်အားပခုံးထက်ထမ်းတင်ကာ ကောင်ငယ်လေး၏ခေါင်းအားပုတ်လိုက်ချေသည် ။

ပြီးနောက်ခါးကိုကိုင်းချလိုက်ကာမျက်နှာချင်းနီးကပ်စေ၏။

  " လုပ်စမ်းပါအုံးကွ ။ အာဘွားလေးဘာလေး "

နေသက်နွေးခေါင်းလေးစောင်းကာပါးလေးတွေမှာပန်းရောင်ဖျော့ဖျော့လေးသမ်းသွားကာခေါင်းလေးငုံ့သွားချေသည်။

" သွားတော့မယ်နော် ။ အရေးကိစ္စရှိရင်ဆေးရုံကိုလိုက်လာခဲ့ အထွေထွေခွဲစိတ်ဌာနက ​ဒေါက်တာကျော်ဇေယံထွဋ် လို့မေးရင်ရတယ် "

ဆေးရုံဝတ်စုံနှင့်လဲစရာအဝတ်တွေလိုအပ်ပစ္စည်းတွေပါသောကျောပိုးအိတ်အားဆိုင်ကယ်ဂွကြားတွင်ညှပ်ကာ ဆိုင်ကယ်ဖြင့်ထွက်ခွာသွားလေသည်။

          ~

နေသက်နွေးဘေးအိမ်သို့ကြည့်လိုက်တဲ့အခါ အဒေါ်ကြီးတစ်ယောက်မှာခြင်းပန်းရောင်လေးထဲချိုင့်တွေစီထည့်နေ၏။

   " သား ဒီဘက်လာလေ "

နေသက်နွေးဝါးခြံစည်းရိုးလေးမှကြည့်နေတုန်းသတိထားမိသွားတဲ့အဒေါ်ကြီးကတော့အိမ်လာလည်ရန်ဖိတ်ခေါ်နေလေသည်။

နေသက်နွေးတစ်ဖက်ခြံထဲရောက်သွားကာအဒေါ်ကြီး၏လှုပ်ရှားမှုအဖုံဖုံအားငေးစိုက်ကြည့်နေ၏။

  " ဘာ... ဘာ အတွက်... လည်းဟင်"

" ထမင်းချိုင့်လေ ။ အိမ်ကလူကပို့ပေးရတယ် ။ အလုပ်သွားတဲ့လူ။ဒါမှမဟုတ်ကျောင်းသွားတဲ့လူကို "

အဒေါ်ကြီးကနောက်ဆုံးစကားအားပြောပြီးနောက်လက်ကိုင်ပုဝါ​လေးအားခြင်းလက်ကိုင်တွင်ခေါက်တွန့်ချည်လိုက်ချေသည် ။

နေရောင်ခြည်လို   နွေးWhere stories live. Discover now