အခန်း ( ၂၂)

65.5K 7.3K 332
                                    


ရုတ်တရက်ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ကျော်ဇေယံထွဋ်တို့၏ရာယီနေရာတွေမှာအသည်းသန်ရွေ့ပြောင်းရလေသည်။

နိုင်ငံခြားဧည့်သည်ဆရာဝန်အဖွဲ့အားဦးစားပေးကာကျန်အဖွဲ့တွေကတော့ကမ်းပါးနှင့်ဝေးရာနေရာတွင်သာတဲတိုး၍နေကြ၏။

ကျော်ဇေယံထွဋ် တို့၏အဖွဲ့ထဲအမျိုးသမီးမပါဝင်ချေ။ ထို့ကြောင့်လူစုမကွဲပဲတဲအတွင်းသာအတူတကွနေထိုင်လို့ရပေသည်။

    " ရေကတအားတက်လာသလိုပဲ"

နေရာမှရပ်ကာမြင်နေရသောချောင်းရိုးတလျှောက်ဖွေးဖွေးလှုပ်နေသောမြစ်ချောင်းကျယ်အားကြည့်ကာကျော်ဇေယံထွဋ်ပြောလိုက်၏။

မြစ်ချောင်းနံဘေးကြီးပြင်းလာသူမို့ရေအတက်၊အကျဟာသူ့အတွက်ရင်းနှီးနေပြီဖြစ်ကာ၊တခြားသူတွေမှာလည်းသူ့စကားအားထောက်ခံဟန်ပြုလာကြသည်။

ကျော်ဇေယံထွဋ်တဲတွင်းပြန်ဝင်လာရင်းကုန်လုဆဲဆဲဖုန်းအားလေးနှင့် နေသက်နွေးထံဖုန်းခေါ်ရန်ပြင်လိုက်လေသည်။

                           ~

နေသက်နွေးသူ၏နေအိမ်ကိုပြန်ရောက်နေခြင်းဖြစ်ကာမနက်ဖြန်ဆိုမိုးသက်စွေ၏မဂ်လာဆောင်ပင်ဖြစ်သည်။

လူတရုန်းရုန်းနှင့်မို့အနေရခက်စွာအိမ်ခန်းထဲပြေးဝင်မယ်လုပ်ပေမဲ့လူကြီးတွေ၏စကားခန်းမပြက်သေးတာကြောင့်သူ့မယ်ထမရ။

ခေါင်းလေးတစောင်းစောင်းဖြင့်နေသက်နွေးသူ့အမေဘေးကပ်ကာ၊မျက်နှာဖွေးဖွေးလေးမှာညှိုးရော်နေချေသည်။

    "  ရာသီဥတုသတင်းတွေကလည်းဆိုးလိုက်တာ  "

အမေကညီးတွားရင်း အလုပ်အကိုင်သမားတွေအတွက်အသုပ်သုပ်နေရင်းဆို၏။

ကောင်းကင်ယံတွင်ညှို့မှိုင်းနေသောတိမ်တွေမှာအလိပ်လိပ်ဖြင့်ကြောက်မက်ဖွယ်ပင်။မိုးမရွာပဲလေပြင်းတွေတရွှီးရွှီးဖြင့်လျှပ်စီးတဖျပ်ဖျ​ပ်ထနေကာနေသက်နွေးခမြာတုန်ပင်တုန်တုန်သွားရရှာသည် ။

                        ~

အိမ်ခန်းထဲပြန်ဝင်တဲ့အခါ ဖုန်းတွင်ပေါ်နေသောနံပါတ်လေးကြောင့်နေသက်နွေးအလျင်အမြန်ပင်ဖုန်းပြန်ခေါ်လေသည်။

နေရောင်ခြည်လို   နွေးWhere stories live. Discover now