Ep-1 (Unicode & Zawgyi)

2.3K 58 5
                                    

" မုန်းတယ်ထက် ပိုတယ် "

(Unicode Version)

"ခွပ်"

"ခွပ်"

"ဟျောင့် တော်တော့ ချန်း... ကြာရင် ဟိုကောင်သေ သွားလိမ့်မယ်"

ချန်း တော်တော်လေးဒေါသဖြစ်နေသမျှကို မိုးညိုရဲ့မျက်နှာပေါ်မှာပုံအောလို့ စိတ်ရှိလက်ရှိထိုးချနေမိသည်။

*ကားပြိုင်ပွဲမှာ ရှုံးတာကိုမကျေနပ်လို့
အိမ်ပြန်လမ်းအထိကို လမ်းလယ်မှာကားကိုပိတ်ရပ်၍ ရန်ရှာလို့ ပြန်ထိုးနေကြခြင်းဖြစ်သည်*
.
.
.

"ဟဲလို.... ဟုတ်ကဲ့ကျွန်တော်တို့ ရဲစခန်းကပါ"

"ဟုတ်ကဲ့ ပြောပါရှင့်"

"ဒေါ် လှိုင်လှိုင်သူရဲ့သား အခုကျွန်တော်တို့စခန်းရောက်နေလို့ အကြောင်းကြားလိုက်တာပါ"

"ဟုတ်ကဲ့ပါရှင့်"

ရဲစခန်းကဖုန်းလက်ခံရရှိပြီးနောက်....
သမီးမြသီတာသူနဲ့ မြစန္ဒာသူကို ဖုန်းခေါ်၍အိမ်ပြန်လာရန်ဖုန်းလှမ်းဆက်နေရသော ဒေါ်လှိုင်လှိုင်သူတစ်ယောက် သမီးတွေအလာကို ဧည့်ခန်းမှထိုင်စောင့်နေမိသည်။

"ကျွီ" ....

ကားစက်ရပ်သံကြားတာနဲ့ ဒေါ်လှိုင်လှိုင်သူ
ကားနားကိုဘယ်လိုရောက်လာမှန်းမသိ
ရောက်လာမိသည်။

"မေမေ ကောင်လေးက ဘယ်လိုဖြစ်တာလဲ"

သမီးကြီးသီတာရဲ့စိုးရိမ်နေတဲ့ အမေးကို
ဒေါ်လှိုင်လှိုင်သူဘယ်ကဘယ်လိုပြန်ဖြေရမှန်းမသိဖြစ်နေမိသည်။

ပြီးနောက်သားမိသုံးရောက် ရဲစခန်းသို့ရောက်ရှိသွားတော့သည်။

"စခန်းမှုးကြီးရယ် လူငယ်တွေဆိုတော့ ဒီလိုဘဲ ဒေါသကိုရှေ့တန်းတင်မိလို့ ဖြစ်ကြတာနေမှာပါရှင်"

ဒေါ်လှိုင်လှိုင်သူ သားငယ်အတွက် အပြစ်ကိုပေါ့လျော့အောင်သာပြောနေမိပေမယ့်
သားငယ်မျက်နှာက ဒဏ်ရာကသိပ်မများသော်လည်း တစ်ဖက်က,ကလေးတွေရဲ့မျက်နှာ တွေကတော့ ကြည့်ရက်စရာမရှိအောင်ထိုးကြိတ်ခံထားရတာကိုတွေ့နေမိသည်။

'မုန်းတယ်ထက် ပိုတယ်.....'(Completed)Where stories live. Discover now