Ep-18(Uni & Zawgyi)

305 16 13
                                    

Unicide

ချန်းရဲ့မိတ်ဆက်ပေးမှုကြောင့် မျက်လုံးလေးဝိုင်းစက်ပြီး ပါးစပ်လေးဟလို့ အံ့သြနေတဲ့ ခွင်ရင်ထဲကအကောင်ပေါက်ကိုတော့ ဂုဏ်ရောင်တို့တွေဝိုင်းကြည့်နေမိတာတော့ အမှန်ပင်ဖြစ်သည်။

ချန်းကားတင်ပြေးတာလဲ မပြောနဲ့လေ သူလေးကချစ်စရာကောင်းနေတာကိုတော့ ဂုဏ်ရောင်တို့တစ်ဝိုင်းလုံး မြေကြီးလက်ခတ်မလွဲ ထောက်ခံ
သည်။

'ချန်းကလည်း အခုမှကိုယ်တွေပြောလို့သာ
မိတ်ဆက်ပေးတာ နောက်မို့ဆို တာနောယ္ခဘီလူးလို အာခံတွင်းများငုံထားမလား။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်းအရင်းကြီးတွေရှေ့တောင်မှ သူ့ယောင်္ကျားပါလို့ လာပြီးကြေငြာနေသေးတာ။ဒီကောင်မချစ်ဘူးဆိုတာ အလကားပြောတာနောင်တစ်ချိန်မှ သည်းသည်းလှုပ်နေရင်တော့ ဒူးနဲ့မျက်ရည်သုတ်နေရမှာကိုတော့မြင်ယောင်နေမိတယ်'လို့ တစ်ယောက်တည်းတွေးနေမိတဲ့ ဂုဏ်ရောင်နဲ့အတွေးတူနေတာက သူတို့ စားပွဲဝိုင်းတစ်ဝိုင်းလုံး အတွေးတွေထပ်တူကျနေတယ်ဆိုတာတော့ မသိလိုက်ကြပေ။

ကိုင်းရဲ့အဖြစ်ကတော့ သူခေါ်ရာနောက်ကိုစက်ရုပ်တစ်ရုပ်လိုမျိုးမလှုပ်မယှက် လိုက်နေရတာဘဲဖြစ်သည်။

စီးပွားရေးရှင်တွေရောက်လာကြပြီးတစ်ယောက်ပြီး တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်နေပေမယ့် ချန်းကတော့ ကိုင်းရဲ့ပုခုံးကိုတစ်ချက်မှ လွှတ်မပေး။

"မောင်ချန်းမင်းမြတ်သူတို့ကတော့ ငယ်ရွယ်သူလေးကို ရထားတာဘဲ" ဟုဆိုလာသော
ဦးခေတ်သစ်ရဲ့ အနှောင့်မလွတ်အသွားမလွတ်ရိသဲ့သဲ့စကားကြောင့် ချန်းရဲ့မျက်နှာက မုန်တိုင်းမဝင်ခင် လေပွေအရင်ကျချင်နေတဲ့မျက်နှာဘေးမျိုးဖြစ်သွားသည်။

"အဲ့လိုလည်းမဟုတ်ပါဘူးဗျာ အန်ကယ်တို့လို ငယ်ငယ်ချောချောလေးတွေရှာချိန်မရှိလို့ ရတဲ့သူကိုအမိဖမ်းလိုက်ရသလိုဖြစ်သွားတာပါ"

ချန်းရဲ့စကားကြောင့်ဦးခေတ်သစ်ရဲ့မျက်နှာကွက်ခနဲပျက်သွားတာကိုတွေ့လိုက်ရပြီး ချက်ချင်း အပြုံးတုတပ်ဆင်လိုက်တာကိုတော့ ချန်းကောင်းကောင်းကြီးကိုမြင်လိုက်ရသည်။
ဘာလို့လဲဆိုတော့ ဦးခေတ်သစ်လိုလူမျိုးက
ကျား/မ မရှောင် အကုန်စပွန်ဆာပေးပြီး ပွေရှုပ်နေတဲ့သူလေ။ ဒီလောက်မှအလည်ဘဲ
ဒီလောက်မှမသိဘဲနဲ့တော့ 'လျှမ်းလျှမ်းတောက်'
ရဲ့ CEO ခုံနေရာကို အခုချိန်ထိိထိုင်နိူင်မှာမဟုတ်ပေ။

'မုန်းတယ်ထက် ပိုတယ်.....'(Completed)Where stories live. Discover now