Ep-45(Uni &Zawgyi) ~ Final ~

823 23 4
                                    

Unicode

အခုတော့ ကိုင်း ကားစီးရန်အတွက် ကားဂိတ်မှာ ထွက်မဲ့ကားကိုစောင့်နေမိတော့သည်။(9)နာရီရောက်နေပေမယ့် ကားက(12)နာရီမှ ထွက်မှာဆိုတာကြောင့် ထိုင်စောင့်နေမိသည်။ ကိုကိုကတော့ ကိုင်းကို ကားကြီးကွင်းထိလိုက်ပို့ပြီး စောင့်မကူခိုင်းတာနဲ့ ပြန်သွားလေရဲ့....

မိုးရာသီကိုကူးပြောင်းလာတာကိုသိသာစေတာကတော့ အဆက်မပြတ်မိုးစက်၊မိုးဖွဲလေးများက ကျဆင်းနေလေသည်။အခုလည်း အရမ်းကြီးရွာနေတာမဟုတ်ပေမယ့် မိုးဖွဲလေးတွေကျနေတာကြောင့် အလွမ်းဓာတ်ရှိတဲ့သူတွေကို ပိုလို့ အားပေးအားမြှောက်ပြုနေသယောင်....

တံစက်မြိတ်ကကျလာတဲ့ မိုးရေစက်လေးတွေကို ငေးကြည့်နေရင်း အတိတ်ကအကြောင်းရာများကို ပြန်တွေးကြည့်လိုက်တော့ လှပခဲ့တဲ့အတိတ်ပုံရိပ်တွေက ကိုင်းအတွက် တစ်ကွက်မှရှိမနေခဲ့ပေမယ့် အဲ့ဒီအတိတ်ပုံရိပ်တွေထဲက ရုန်းလို့မထွက်နိုင်ပေ....

အဖိုးအတွက်တရားမျှတမှုရှာပေးပါ့မယ်ဆိုပြီး ကြီးကျယ်စွာ အော်ဟစ်ကြုံးဝါးခဲ့ပေမယ့်လို့
အခုတော့ ဒီအသုံးမကျတဲ့မြေးကြောင့် တမလွန်မှာ စိတ်မဖြောင့်စွာနဲ့များသံသရာလည်နေမလားအခုတောင်မှ အမုန်းတွေနဲ့ကျောခိုင်းခဲ့ရတာ
ဒီထက်ပိုပြီး အမုန်းတွေကိုမခံယူပါစေနဲ့တော့လား..ခင်ဗျားနဲ့ကျွန်တော်က မဆုံနိူင်တော့တဲ့
မျဥ်းပြိုင်တွေလို အပြိုင်သွားနေရတာကြောင့်
ဒီဘဝတော့ဒီအမျှနဲ့ဘဲ ဝေးကွာမှုကိုအဆုံးသတ်ပါရစေ...

ကျွန်တော်ဆိုတာသာ ခင်ဗျားဘဝအတွက် အရေးပါတဲ့သူမဖြစ်ခဲ့ရင်တောင်မှ ခင်ဗျားဆိုတာကတော့ ကျွန်တော့်ဘဝအတွက်......

အဆုံးသတ်ကိုကြိုသိနေတာတောင်မှ သံယောဇဥ်တွေတွယ်နေမိတဲ့ နှလုံးသားက အခုတော့နာကျင် မှုကိုတွေ ထုပ်သိမ်းထားနေရပြီ...အမှတ်မရှိတဲ့လူသားကတော့ ကျွန်တော်ရယ်ပါ...

ကိုယ့်ကိုမချစ်မနှစ်သက်တဲ့သူကိုမှ သံယောဇဥ်
တွယ်မိနေခြင်းလို့လည်း ယူကြုံးမရဖြစ်မိပါတယ်...

ကျွန်တော့်ရဲ့မလှပခဲ့တဲ့ အတိတ်တွေထဲမှာ ခင်ဗျားပါနေတဲ့ အစိတ်တစ်ဒေသကိုတော့ ခင်ဗျားမသိအောင်ဘဲ တိတ်တဆိတ်လေး ယူသွားပါရစေတော့လား....

You've reached the end of published parts.

⏰ Last updated: Oct 01, 2022 ⏰

Add this story to your Library to get notified about new parts!

'မုန်းတယ်ထက် ပိုတယ်.....'(Completed)Where stories live. Discover now