Ep-38(Uni & Zawgyi)

283 10 7
                                    

Unicode

ဒီနေ့နဲ့ဆိုရင် ဟိုလူ့သွားတာဆယ်ရက်ရှိပြီဖြစ်တာကြောင့် မမျှော်ဘူးလို့ပြောရင် လိမ်ရာကျ
လိမ့်မယ်။ကိုယ့်အတွက်မျှော်ခြင်းရယ်တော့မဟုတ်ပါ။ရှေ့လည်းရှင်းရမှာဘဲ နောက်လည်းရှင်းရမဲ့အတူတူ မပြောပြလည်းသိမဲ့ကိစ္စဖြစ်တာကြောင့် ပြောပြပြီးတော့ တာဝန်ယူစေချင်သည်။
မမွေးလာသေးတဲ့ကလေးရဲ့အနာဂတ်ကိုတော့
ကိုင်းမှာကြိုပြီး မတွေးဝံ့ရဲပေ။တကယ်လို့ ဟိုလူက တာဝန်မယူဘူးဆိုရင်ဘယ်လိုလုပ်မလဲ?ဆိုတဲ့
မေးခွန်းကလည်း ကိုင်းရဲ့အတွေးတွေကို နှိပ်စက်နေလေသည်။ ကိုယ်တိုင်က မိဘမဲ့ဘဝနဲ့ကြီးပြင်းခဲ့တာကြောင့် ကိုယ့်လိုမျိုး ဘယ်သူ့ကိုမှမဖြစ်စေချင်။ အရာရာမှာ အမြဲတမ်းအနှိမ်ခံရတာကြောင့်
ကိုယ့်လိုဘဝမျိုးနဲ့ ဖြတ်သန်းရမှာကို မလိုလားပေ။ဒီနေ့မှ ဟိုလူပြန်မလာရင် ဖုန်းဆက်ပြီးမေး
မယ်ဆိုပြီး စီစဥ်ထားသည်။

ဘာလိုလိုနဲ့ ကိုင်းနဲ့ ဟိုလူလက်ထပ်ထားတာကလည်းသုံးလပြည့်တော့မယ်လေ။တစ်ချိန်က
ကိုင်းနဲ့ထိုလူသာသိသော ကတိစကားတစ်ခွန်းကိုတော့ အခုချိန်မှာ တည်နိူင်ပြီးတော့ ဖခင်ကောင်း ခင်ပွန်းကောင်းတစ်ယောက်အဖြစ် မြင်ရတော့မှာဘဲ။ဘာဘဲဖြစ်ဖြစ်လေ အချိန်တန်ရင်တော့ သူလည်းသူ့ဘဝနဲ့သူ သူ့လမ်းသူလျှောက်ရမှာဘဲလေ။တစ်ချိန်က ပက်သက်ဖူးခဲ့တဲ့ဆိုတဲ့ အတိတ်ဘဲရှိတော့မဲ့သူတစ်ယောက်သာ...

ကိုင်းရဲ့လက်ထဲမှာလည်း ကွာရှင်းပြတ်ဆဲကြောင်း စာချုပ်ပေါ်မှာ တစ်ဖက်သတ် လက်
မှတ်ထိုးထားပြီးပြီ။ထိုလူပြန်လာရင် တစ်ဖက်မှာ လက်မှတ်ထိုးဖို့ဘဲကျန်တော့တယ်လေ။
မဟုတ်လည်း လုပ်ရမဲ့အလုပ်တစ်ခုဘဲလေ....
Luggageထဲမှာလည်း အဆင်သင့်ထည့်ပြီးသား ကိုင်းရဲ့အဝတ်စားများနဲ့ ကိုင်းရေးထားတဲ့စာတစ်စောင်ကိုလည်း စားပွဲပေါ်သို့ တင်ထားလျက်....

>>>>>>>>

အရင်ရက်ကလာခဲ့တဲ့အမျိုးသမီး မဒီဆိုသောသူက နောက်ရက်မှာလည်း ထပ်ရောက်လာခဲ့လေသည်။ ထိုအမျိုးသမီးရဲ့အပြောအရတော့....

ကိုင်းနဲ့ သူ့ရဲ့ကိုကိုဆိုသူကိုကွာရှင်းပေးပါလို့
မတောင်းဆိုခဲ့ပေမယ့် သူ့ရဲ့ပြောစကားအရ....

'မုန်းတယ်ထက် ပိုတယ်.....'(Completed)Where stories live. Discover now