Ep-39(Uni & Zawgyi)

297 10 8
                                    

Unicode

"ဘာ ငယ်လေးက ထွက်သွားပြီး ဟုတ်လား...."

မြသီတာ ကောင်းလေးတို့အိမ်ရောက်လာ,လာခြင်းမှာဘဲ ကောင်မလေးတွေပြောလိုက်တဲ့စကားကြောင့် စွံ့အသွားသည်။

!ငယ်လေးကဘာလို့ထွက်သွားတာလဲ? ပြဿနာဖြစ်ရင် ရှောင်ထွက်သွားတတ်တာ ငယ်လေး
အကျင့်မှမဟုတ်တာ...!

အတွေးများကိုသာပိုက်လျက် အိမ်သို့သာပြန်လာခဲ့လိုက်တော့သည်။

အိမ်ပြန်ရောက်လို့ အကြောင်းစုံကိုပြောပြလိုက်တော့.....

"အဲ့လိုမျိုးရှောင်ပြေးလို့ရမလား... ဘာလဲ ကောင်လေးကိုထောင်ချပြီးတော့ ဖြောင့်မတ်တဲ့ တရားသူကြီးလုပ်မလို့လား အဟင်း...."

"အဲ့လိုလည်းမဟုတ်လောက်ပါဘူး အငယ်မရယ်
ကိုင်းက အဲ့လိုမျိုးရှောင်းပြေးတတ်တဲ့သူမှ မဟုတ်တာ..."

"မဟုတ်လို့သာဘဲလေ အခုတောင်မှ ကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးခဲ့ပြီမို့လား...."

"အဲ့တာကလည်း ကောင်လေးနဲ့ ငယ်လေးကြားမှာကိစ္စတစ်ခုခုရှိလို့နေမှာပါ..."

"အို ဘယ်လိုဘဲဖြစ်ဖြစ်... ငါကတော့ ဘယ်လိုမှကိုခွင့်မလွှတ်နိူင်ဘူး မကြီး..."

"အဲ့လိုလည်း တစ်ဖက်သတ်မတွေးရဘူးလေ သမီးငယ်ရယ်...."

"မတွေးအောင်လို့ သူလုပ်ခဲ့လို့လား သူကိုယ်တိုင်က ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးပေးခဲ့ပြီးပြီလေ နောက်ပြီး ဟိုကောင်မလေးက အပ်တဲ့အမှုကိုတောင်မှ လက်ခံခဲ့သေးတယ်တယ်တဲ့ အဟက်
ကျွေးမွေးပြီး သင်ပေးခဲ့တဲ့ပညာကိုမှ အားမနာ..."

"သမီးငယ် မေမေမကြိုက်ဘူးနော် အဲ့လိုမပြောရဘူး တကယ်လို့ သမီးငယ်အဲ့လိုပြောနေတဲ့စကားတွေကို ကိုင်းသာကြားရင် ဘယ်လောက်ဝမ်းနည်းလိုက်မလဲ မေမေတို့က ကျေးဇူးဆပ်စေချင်လို့ သင်ပေးတယ်လို့ထင်နေလိမ့်မယ်..... "

"ဟုတ််တယ် အငယ်မ ဒီလိုမျိုးသင်ပေးရတာကလည်း ဘယ်သူ့မှာတာဝန်ရှိလဲသိလား တကယ်လို့ကောင်လေး..."

"တော်ပါတော့မကြီးရယ် အဲ့ဒါတွေကိုတွေးနေရလို့လည်း ဒီအချိန်ထိ ငါလည်းငုတ်တုတ်ထိုင်နေတာပေါ့...."

'မုန်းတယ်ထက် ပိုတယ်.....'(Completed)Where stories live. Discover now