Ep-35(Uni & Zawgyi)

304 11 6
                                    

Unicode

ချန်း Mallတွေကိုလိုက်လံစစ်ဆေးပြီးနောက်
ရုံးသို့မဝင်တော့ဘဲ အိမ်ကိုသာ တစ်ခါတည်းပြန်လာခဲ့လိုက်တော့သည်။

အိမ်ထဲဝင်,ဝင်ချင်း ဧည့်ခန်းကိုအကြည့်ရောက်သွားတော့ ကောင်မလေးတစ်ယောက်သန့်ရှင်းရေးလုပ်နေတာကိုတွေ့ရလေသည်။
မီးဖိုချောင်ဘက်ဝေ့ရှာကြည့်မိတော့လည်း မတွေ့မိတာကြောင့် အပေါ်ထပ်သို့သာ တက်လိုက်လိုက်တော့သည်။

ချန်းတံခါးကိုခေါက်မနေတော့ဘဲဝင်လာလိုက်တော့သည်။ အခုချိန်ထိ ခုတင်ပေါ်မှ စောင်နဲ့လုံးကာကွေးကွေးလေးအိပ်ပျော်နေသော အကောင်ပေါက်ကြောင့် ချန်းရဲ့နှုတ်ခမ်းတွေ တွန့်ကွေးသွားလေသည်။ချန်းဒီကောင်လေးကြောင့် အပြုံး
တွေဖြစ်တည်လာတာအခါပေါင်း မနည်းတော့ပေ။ဒီကောင်လေးကိုသူချစ်လားဆိုတော့ သူကိုယ်တိုင်ကလည်း ရည်းစားထားဖူးတဲ့သူဘဲလေ
ဒါပေမယ့်လူတိုင်းကိုချစ်တယ်လို့ပြောခဲ့ဖူးပေမယ့် ရင်တော့မခုန်မိ။အဲ့ဒီတုန်းကလည်း ရင်ဘက်ထဲကအကောင်ပေါက်က အိပ်ပျော်နေလို့ဖြစ်ပါလိမ့်မယ်။ ကောင်မလေးတိုင်းနဲ့ ထိတွေ့နမ်းရှိုက်ဖူးပေမယ့် တစ်ခါမှတော့ စည်းကျော်ခဲ့တာမရှိခဲ့ဖူးဘူး။ စည်းမကျော်ခဲ့တာထက် စိတ်မပါတာလို့ပြောရင်ပိုမှန်ပေလိမ့်မည်။ ဒါပေမယ့် ဒီအကောင်ပေါက်လေးကိုတော့ သူအတော်လေး မျက်စိထဲအပျောက်မခံနိူင်ဖြစ်နေတာကိုတော့ သတိထားမိသည်။

အရင်တစ်ခါဖြစ်ပြီးတဲ့ကိစ္စကတည်းက ကိုင်းရဲ့စိတ်ကို စမ်းသပ်ခြင်းလည်းမပြုလုပ်တော့ပေ။
ကိုယ်တိုင်က အမှားလုပ်ထားမိဖူးတဲ့သူဆိုတော့ နောက်တစ်ခေါက်ဒီလို ဖြစ်ရပ်မျိုးထပ်မဖြစ်ရအောင် သူ့ဘက်ကရှောင်သည်။ချန်းရဲ့ခံစားချက်တွေထွက်ပေါ်လာတာကလည်း အဲ့ဒီကိစ္စကြောင့်ဘဲ... ချန်းဘယ်လောက်ဘဲမူးပြီး မဒီကိုဖက်နေပေမယ့် ချန်းရဲ့မျက်လုံးထဲမှာတော့ အကောင်ပေါက်ကိုသာ မြင်ယောင်နေသည်။
အရင်တုန်းကဆိုရင် ကိုယ်တိုင်ကတည်း လူငယ်မို့လို့ free styleကိုကြိုက်ခဲ့သူ၊ကိုယ်တွဲသမျှကောင်မလေးတိုင်းကလည်း ရုပ်ရှိရေလျှံ
အသိုင်းဝိုင်းကဆိုတော့ အမြင်မတော်တာတွေဝတ်နေရင်တောင်မှ သူအတွက်ကတော့ ကိစ္စမရှိပေ။ အခုတော့ အရင်ဘယ်သူတွေဘယ်လိုဘဲ ဝတ်ဝတ် သိပ်ပြီးဂရုမစိုက်တတ်တဲ့ချန်းက  အခုတော့ သူများတွေရဲ့ free styleတွေက သူ့မျက်လုံးထဲမှာတော့ crossဖြစ်လို့နေလေပြီ။
ကိုယ့်မိတ်ဆွေတွေရဲ့ပြောသံကိုပြန်ကြားလိုက်ရတဲ့စကားကြောင့် ချန်းရဲ့စိတ်ထဲ ဂုဏ်ယူနေသောအပြုံးတွေက စွဲထင်နေလေပြီ။
"မောင်ရင်က လူငယ်ပီပီ ခေတ်မှီစွာထိုင်နေတာက တစ်မျိုးကြည့်ကောင်းနေသလို မောင်ရင့်ရဲ့အမျိုးသားရဲ့ပုံစံကလည်း အေးချမ်းမှုနဲ့ ပါရမီ
ဖြည့်ပေးနေသလိုမျိုးဘဲ"တဲ့လေ....

'မုန်းတယ်ထက် ပိုတယ်.....'(Completed)Where stories live. Discover now