Ep-37(Uni & Zawgyi)

280 12 13
                                    

Unicode

ဒီနေ့နဲ့ဆိုရင် ဟိုလူသွားတာ တစ်ပတ်ပြည့်ပြီ။ကိုင်းအရင်တုန်းက မှတ်မထားတဲ့ နေ့စွဲတွေကိုတောင်မှ မှတ်ထားတတ်နေလေပြီ။ ကိုင်းနဲ့ချန်းယူတာလည်း သုံးလပြည့်တော့မည်။ ဒီကြားထဲ ပြဿနာတွေနဲ့သာ ပြီးဆုံးနေပေမယ့် မကြာခင်မှာဘဲ ရင်ဆိုင်ရမဲ့ကိစ္စတစ်ခု ကိစ္စတစ်ကိုတော့ ဘယ်လိုမှရှောင်လွှဲလို့ရမည်မဟုတ် သက်ပျင်းကိုသာ ခပ်ဖွဖွချလို့ အဖြေကိုသာရှာဖွေနေမိသည်။
နောက်ပြီး ကိုင်းရဲ့စိတ်ထဲ ဒီနေ့နေရတာတစ်မျိုးဖြစ်နေလေသည်။ မပျော်မရွှင်ရဲ့ ရင်ထဲမှာ တစ္ခုခုကို စိုးရိမ်နေရသလိုဖြစ်နေတာကြောင့်
စိတ်လန်းသွားအောင်လို့သာ ဘုရားပန်းများလဲကာ ဘုရားဝေယျာဝစ္စကိုသာ တစ်မနက်လုံးလုပ်နေမိသည်။

"Ti Ti Ti"

ကားဟွန်းသံ ဆက်တိုက်ထွက်ပေါ်လာတာကြောင့် ကိုင်းအောက်ထပ်သို့ဆင်းလာခဲ့သည်။ ဒီအချိန်က အရင်နေ့တွေကဆိုရင် မကြီးလာနေကြအချိန်ဖြစ်ပေမယ့် မကြီးလာရင် ဒီလိုမျိုး ကားဟွန်းကိုမတီးတာကြောင့် ကိုင်းအောက်ထပ်သို့သာ အမြန်ဆင်းလာခဲ့သည်။

အနက်ရောင်ကားလေးပေါ်မှ အနက်ရောင် dressကိုဝတ်ဆင်ကာ feshionကျကျ styleနဲ့
ဒေါက်ဖိနပ်သံ တဒေါက်ဒေါက်က တိတ်ဆိတ်နေတဲ့ ဧည့်ခန်းအတွင်း ကျယ်လှောင်စွာထွက်ပေါ်လာလေသည်။

ကိုင်းလှေကားထိပ်မှ ဧည့်ခန်းအတွင်းကိုလှမ်းကြည့်လိုက်တော့ ဖိနပ်ကိုပင်မချွတ်ဘဲဧည့်ခန်းအတွင်းလှည့်ပတ်ကြည့်နေတဲ့ အမျိုးသမီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင်ဆုံမိလေသည်။ကိုင်းသိသည်။ ဒီအမျိုးသမီးကို တိတိကျကျကိုမြင်ဖူးပြီးသိနေလေသည်။ မြင်ဖူးတဲ့သူမို့လို့လည်း ထူးပြီးတော့ အံ့သြနေမှုတော့မရှိပေ။

"ဘာကိစ္စရှိလို့များလဲဗျ..."

ဒီအမျိုးသမီးက ဟိုလူ့ရဲ့နံပါတ်စဉ်တွေထဲက ဘယ်နှယောက်မြောက်လဲတော့ ကိုင်းမသိပေမယ့် အိပ်အခန်းထဲထိပါရောက်ခဲ့ဖူးသည့်အမျိုးသမီးမို့ နောက်ပြီး ဟိုလူနဲ့လည်း မြင်လိုက်ရတဲ့ပုံစံက မလွတ်မကင်းနဲ့ကြောင့်မို့ ကောင်းမွန်စွာသာမေးလိုက်သည်။ ကောင်းသောလာခြင်းမဟုတ်ဘူးဆိုတာကိုတော့ ထိုအမျိုးသမီးရဲ့ မျက်နှာထားကိုကြည့်ယုံနဲ့ သိနေတာကြောင့်သာ....

'မုန်းတယ်ထက် ပိုတယ်.....'(Completed)Where stories live. Discover now