The Past

1.3K 130 2
                                    

Lisa Pov

စားသောက်ဆိုင်မှာ Jennieဆီ Kai ဖုန်းဝင်လာတာတွေ့လိုက်တော့ Lisa Jealous ဖြစ်သွားပြီး ခန္ဓာကိုယ်ထဲက သွေးတွေဆူပွက်လာသလိုခံစားလိုက်ရတယ်။ Lisaအတွက် Jealous ဖြစ်စရာအကြောင်း ဘာမှမရှိတာ သိပါတယ်။ သူမကို Lisa ပိုင်တာမဟုတ်ဘူးလေ။

Lisa ဘယ်လိုမှဆက်သည်းမခံနိုင်တော့လို့ အဲ့ဒီနေရာကနေထွက်လာခဲ့တယ်။ ငါကသူမ bodyguard တစ်ယောက်ပဲ။

Lisa Jennieဆီက သန့်စင်ခန်းသွားမယ့်ခွင့်ပြုချက်ယူခဲ့ပြီး သန့်စင်ခန်းမသွားပဲ အပြင်ထွက်လာခဲ့တယ်။ တံခါးကိုဖွင့်မယ် လုပ်တော့ တစ်ယောက်ယောက်နဲ့တိုက်မိတယ်။ အရမ်းရင်းနှီးတဲ့တစ်စုံတစ်ယောက်။

"Somi" သူမလဲ Lisa လိုပဲအံ့သ​ြသွားတယ်။

Lisa တို့မတွေ့ရတာအတော်ကြာပြီ။ သူမက Lisa နောက်ဆုံးတွဲခဲ့တဲ့သူပဲ။ တစ်ကယ်အတည်တွဲခဲ့ကြတာ။

Lisa တို့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြတာ တစ်နှစ်လောက်ရှိတော့မယ်။ Lisa တို့နှစ်ယောက်က ကမ္ဘာတစ်ဖက်ခြမ်းဆီ။ Lisa က တပ်ထဲမှာ Somi ကလဲသူ့လှူဒါန်းတဲ့အလုပ်တွေနဲ့ ကမ္ဘာအနှံ့သွားနေတာ။ Lisa တို့နှစ်ယောက်အချိန်က ဘယ်လိုမှညှိလို့အဆင်မပြေခဲ့ဘူး။

"Oh! God! Lisa" သူမ Lisa ကိုဖက်ပြီး ပါးကိုနမ်းလိုက်တယ်။

"ရှင်နေကောင်းလား,။ Seoul မှာဘာလုပ်နေတာလဲ" လို့သူမမေးတယ်။

"ကိုယ်နေကောင်းပါတယ်။ ကိုယ်ဒီမှာအလုပ်ရှိတယ်။ မင်းရော" လို့ Lisa မေးလိုက်ပြီး ကြည့်လိုက်တော့ သူမတစ်ကယ် ပိုလှလာတာပဲ။

"ကျွန်မကတော့ အရင်အတိုင်းပဲ။ ဒီမှာ ကျွန်မသူငယ်ချင်းကိုတွေ့ဖို့လာတာ။ ရှင်အဆင်ပြေရင် ကျွန်မတို့နဲ့ လိုက်ထိုင်လို့ ရတယ်" လို့Lisaလက်မာင်းကိုပွတ်ရင်း သူမပြောလိုက်တယ်။

"စိတ်မကောင်းပါဘူး Somi နောက်တခါမှတွေ့ကြတာပေါ့" လို့ Lisa ပြန်ပြောလိုက်တယ်။

"ကျွန်မသွားတော့မယ်။ ကျွန်မသူငယ်ချင်းစောင့်နေလောက်ပြီ" လို့သူမပြောတော့ Lisa ခေါင်းညိမ့်ပြလိုက်တယ်။ Lisaအပြင်ထွက်မယ်လုပ်တော့ သူမကလှမ်းဆွဲလိုက်တယ်။

IN THE MIDDLE (Jenlisa)(Translation)Where stories live. Discover now