Stay

1.6K 133 5
                                    

Lisa Pov

"Hey! Lis! wake up" Somi နှိုးသံကြားတော့ Lisa ထလိုက်ပြီး ဆိုဖာပေါ်ခနထိုင်ပြီး မျက်လုံးကိုပွတ်လိုက်တယ်။ နာရီကြည့်လိုက်တော့ မနက်၅နာရီပဲရှိသေးတယ်။ What the heck?

Somi ကိုကြည်လိုက်တော့ မီးဖိုခန်းမှာတစ်ခုခုလုပ်နေတာတွေ့လိုက်တယ်။ သူမကအဝတ်အစားပြည့်အစုံဝတ်ထား တယ်။ ဒါကထူးဆန်းတာပဲ။

"ရော့ သောက်လိုက်" သူမ Lisa ကိုကော်ဖီလှမ်းပေးလိုက်တယ်။

"ကျေးဇူး" လို့ Lisa ပြောလိုက်တော့ သူမခေါင်းညိမ့်ပြီး ပြုံးလိုက်တယ်။ ပြီးတော့သူမအခန်းထဲဝင်သွားတယ်။

သူမခန်းထဲကနေ Lagguage နှစ်လုံးနဲ့ထွက်လာတော့ Lisa အံ့သ​ြသွားတယ်။

"Somi! ဘယ်သွားမလို့လဲ" လို့ကော်ဖီခွက်ကိုချပြီးမေးလိုက်တယ်။

"ကျွန်မတောင်းပန်ပါတယ် Lis။ ဒါကချက်ချင်းသွားရမှာမို့။ မနေ့ကကျွန်မရှင့်ကိုမေ့ပြီး မပြောလိုက်ရဘူး" လို့ သူမပုခုံးပေါ်ကအိတ်ထဲကိုတခုခုရှာရင်းပြောလိုက်တယ်။

"Uhmmm! ကျွန်မအခု State ကိုပြန်တော့မလို့။ ကျွန်မတခုခုကိုဂရုစိုက်ဖို့လိုအပ်နေလို့" သူမပြောလိုက်တော့ သူမမျက်လုံးကနာကျင်မှုတွေကို မြင်လိုက်ရတယ်။

Lisa ခေါင်းညိမ့်ပြလိုက်တယ်။

"မင်းလေယာဉ်ချိန်ကဘယ်တော့လဲ" လို့ Lisa သူမကိုမေးလိုက်တယ်။

"၈နာရီခွဲ" လို့သူမပြန်ဖြေလိုက်တယ်။

"OK! ကိုယ်ရေခနချိုးပြီးအဝတ်အစားလဲလိုက်မယ်။ မသွားနဲ့အုံး။ ကိုယ်ပြန်လာခဲ့မယ်။" လို့ပြောပြီး Lisa သူမအိမ်က ထွက်လာခဲ့တယ်။ Lisa သူမလေယာဉ်ချိန်မှီအောင် မြန်မြန်လုပ်လိုက်တယ်။

ပြီးတော့ လေဆိပ်သွားဖို့ Lisa တို့ကားငှားလိုက်တယ်။ လေဆိပ်ရောက်တော့ ၇နာရီထိုးလုနေပြီ။ Lisa သူမ Lagguage ကို ကားပေါ်ကချလိုက်ပြီး လေဆိပ်ထဲဆွဲသွားလိုက်တယ်။

"မင်းတစ်ကယ်သွားတော့မှာလား" လို့သူမကိုမေးလိုက်တယ်။ သူမ ခေါင်းညိမ့်လိုက်ပြီး ငိုတော့မလိုဖြစ်နေတာတွေ့ရ တယ်။ သူမ Lisa ကိုတင်းတင်းဖက်လိုက်တယ်။ Lisa လဲသူမလိုပြန်ဖက်လိုက်တယ်။

IN THE MIDDLE (Jenlisa)(Translation)Where stories live. Discover now