Drown

1.5K 139 6
                                    

Lisa Pov

Lisa သူမတို့အိမ်ကနေပြန်ထွက်လာခဲ့တယ်။ ကားတံခါးကိုဆွဲဖွင့်လိုက်တော့ Jennie ပြေးလာတာကိုမြင်ရတယ်။

"ရှင်ဘယ်သွားမလို့လဲ" သူမ Lisa ကိုမေးလိုက်တယ်။

"Oh! ကိုယ်မင်းဆီက ခွင့်ပြုချက်ယူဖို့မေ့သွားတာပဲ" လို့ Lisa ထေ့ပြောလိုက်တယ်။

"ရှင်ဘာဖြစ်နေတာလဲ huh?" သူမမေးတော့ Lisa သူမဘက်ပြန်လှည့်လိုက်ပြီးကြည့်လိုက်တယ်။

"မင်းခင်ပွန်းလောင်းကိုမေး" လို့ပြောလိုက်တော့ သူမရပ်သွားတယ်။ ပြီးတော့သူမခေါင်းကိုရမ်းလိုက်တယ်။

"Lis! ကျွန်မရှင့်ကိုဒီညဖြစ်ပျက်နေတာတွေအတွက် မေးခွန်းတွေအများကြီးရှိတယ်။ ရှင်နာရီဝက်လောက် သန့်စင်ခန်းမှာ ပျောက်သွားတာရော။ Bam နဲ့စကားတွေပြောနေတာနေတာရော။ အခုဖြစ်နေတာရော။ ရှင်ကျွန်မကို ဘာတွေဖုံးကွယ် ထားတာလဲ" သူမ Lisa ကိုမေးလိုက်တယ်။ ဒါပေမယ့် Lisa မဖြေပဲသူမကိုပဲကြည့်နေလိုက်တယ်။

သူမ Lisa နားတိုးလာပြီး Lisaမျက်နှာကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်တယ်။ Lisa မျက်လုံးထားလိုက်ပြီး နူးညံ့တဲ့သူမလက် အထိအတွေ့ကို ခံစားနေလိုက်တယ်။

တံခါးပွင့်လာတာကြားတော့ Lisa တို့လူချင်းခွာလိုက်ကြတယ်။ Mr.Kim ရောက်လာပြီး

"ဒီမှာဘာတွေဖြစ်နေကြတာလဲ" လို့မေးလိုက်တယ်။

"ဘာမှမဟုတ်ဘူး Dad။ ကျွန်မနဲ့Lisa တစ်ခုခုအကြောင်းကိုပြောနေကြတာ။ အဖေပြန်ဝင်နှင့် ကျွန်မလိုက်လာခဲ့မယ်" လို့ Jennie ပြန်ပြောလိုက်တော့ Mr.Kim တစ်ခုခုကိုမသင်္ကာသလိုကြည့်ပြီး ပြန်ဝင်သွားတယ်။ ပြီးတော့ တံခါးပြန်ပိတ် လိုက်တယ်။

"ကိုယ်နဲ့လိုက်ခဲ့" လို့ Lisa သူမကိုပြောပြီး သူမလက်ကိုဆွဲယူလိုက်တယ်။ သူမခေါင်းငုံလိုက်ပြီး Lisa ဆီကလက်ကို ပြန်ရုတ်လိုက်တယ်။ Lisa ဒီလိုဖြစ်မယ်ဆိုတာ အစောထဲကသိပါတယ်။

"ကျွန်မမလုပ်နိုင်ဘူးဆိုတာ ရှင်သိပါတယ် Lisa, ကျွန်မမလုပ်နိုင်သေးဘူး" လို့သူမပြောပြီး နောက်ကိုအနည်းငယ်ဆုတ် လိုက်တယ်။

Lisa ကားတံခါးကိုဖွင့်ပြီး သူ့အိတ်ကိုယူလိုက်တယ်။ အိတ်ကပ်ထဲက ကားသော့ကိုနှိုက်ပြီး သူမကိုပေးလိုက်တယ်။

IN THE MIDDLE (Jenlisa)(Translation)Where stories live. Discover now