Sunrise

1.5K 135 2
                                    

Lisa Pov

"Then kiss me" Lisa သူမဆီကအတည်ပြုချက်ကိုလိုချင်လို့ သူမကိုကြည့်လိုက်တော့ သူမမျက်ဝန်းကလိုချင်နေပြီး သူမနှုတ်ခမ်းက Lisa နမ်းမှာကိုစောင့်နေတာကိုတွေ့ရတယ်။

ရှေ့တိုးလိုက်ပြီး Lisa တို့ကြားကအကာအဝေးကိုနီးအောင်လုပ်လိုက်တယ်။ Lisa သူမကိုပြင်းပြင်းရှရှနမ်းလိုက်တယ်။ သူမပြန်နမ်းတာကိုစောင့်လိုက်ပြီး သူမအောက်နှုတ်ခမ်းကိုကိုက်လိုက်တော့ သူမနှုတ်ခမ်းက Lisaနာမည်ကိုညည်း လိုက်တာကို ကြားလိုက်ရတယ်။

"Lisaa.." သူမ Lisa လည်ပင်းကိုဖက်လိုက်ပြီး ပြင်းပြင်းရှရှနမ်းလိုက်တယ်။

"Fuck" Lisa နမ်းရင်းအသက်ပြင်းပြင်းရှုမိတယ်။ သူမရဲ့ချယ်ရီရောင်နှုတ်ခမ်းလေးက Lisa အတွက်မရပ်တန့်နိုင်တော့ ဘူး။ Lisa သူမပေါင်ကိုဆွဲယူလိုက်ပြီး သူမတင်ပါးကိုကိုင်လိုက်တယ်။ ပြီးတော့ သူမကို နောက်ကနံရံမှာကပ်ပြီး ပင့်တင်လိုက်တယ်။

Lisa သူမခန္ဓာကိုယ်ဆီကိုပိုကပ်လိုက်တယ်။ သူမတစ်ချက်ရှိုက်လိုက်ပြီး Lisa မျက်နှာကိုဆွဲယူပြီး ပြင်းပြင်းပြပြ နမ်းလိုက်တာကိုခံစားရတယ်။

Lisa သူမကိုနံရံပေါ်ကပ်ထားတာကနေ ပြန်ချပေးပြီး Lisaတို့နဖူးချင်းထိထားလိုက်ကြတယ်။ Lisa တို့နှစ်ယောက် ခနနားပြီး အသက်ပြင်းပြင်းရှုလိုက်ကြတယ်။ နောက်ပြီး Lisa ပြန်နမ်းတော့ နမ်းနေရင်းသူမပြုံးနေတာကိုခံစားရတယ်။ ကိုယ်တော့ ဒီမိန်းကလေးနဲ့ ရူးတော့မယ်။

"ကိုယ်တို့ဒီလိုလုပ်ဖြစ်မယ်လို့ မယုံနိုင်သေးဘူး" လို့သူမမျက်လုံးကိုကြည့်ပြီးပြောမိတော့ သူမက Lisa မျက်နှာကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး

"ကျွန်မလဲမယုံနိုင်ဘူး" လို့သူမပြောပြီး ထပ်နမ်းဖို့လုပ်တယ်။

Lisa တို့နမ်းမလို့လုပ်နေတုန်း တံခါးပွင့်လာသံကြားတော့ အသံတိတ်လိုက်ကြတယ်။ လမ်းကြားကမှောင်နေတော့ ဘယ်သူလာတာလဲဆိုတာ မမြင်ရဘူး။

"Jennie! Jennie!" Kai အသံက လမ်းကြားထဲမှာ အက်ခိုးပြီးထွက်လာတယ်။ သူ Jennie ကိုလာရှာတာဖြစ်မယ်။

Lisa Jennieကိုကြည့်လိုက်တော့ သူမကခေါင်းရမ်းပြတယ်။ Lisa သူမနဖူးကိုနမ်းလိုက်ပြီး မျက်လုံးကိုမှိတ်လိုက်တယ်။

IN THE MIDDLE (Jenlisa)(Translation)Where stories live. Discover now