Game

1.4K 132 6
                                    

Lisa Pov

Lisa နဲ့ Jennie ကြားအဖြစ်ပျက်တွေတစ်လကြာပြီ။

အဲ့ဒီနေ့က Lisa သူမဆီကထွက်လာတော့ Somiကို ဖုန်းခေါ်လိုက်တယ်။ ကိုရီးယားမှာ Somi ကလွဲပြီး Lisa ဆီဘာမှမရှိဘူး။

Lisa Stateမှာနေတုန်းကလဲ သူမပဲရှိခဲ့တယ်။ သူငယ်ချင်းကနေချစ်သူဖြစ်လာတယ်။ အခုကျ ချစ်သူကနေ သူငယ်ချင်းပြန်ဖြစ်သွားတယ်။

သူက Jennie သူငယ်ချင်းဆိုပေမယ့် ဒီအဖြစ်အပျက်တွေဖြစ်ပြီးတဲ့နောက် Jennie ကသူမကို ရင်းရင်းနှီးနှီး မဆက်ဆံတော့ဘူး။

Lisa တို့နှစ်ယောက်ပြဿနာတက်အောင် Somi ဘာမှမလုပ်ခဲ့ဘူး။ Jennie ရဲ့သဝန်တိုမှုတွေက သူမကိုအမြင်ကွယ်နေ စေခဲ့တာ။

Somiက Jennie ကိုအကုန်ရှင်းပြမယ်ဆိုတာ Lisa လက်မခံချင်ဘူး။ Lisaတို့နှစ်ယောက်က relationship မဟုတ်ဘူး။ နောက်ပြီး သူမမှာ သူမရဲ့ခင်ပွန်းလောင်းရှိပြီးသား။

Lisa Somiကိုဖုန်းခေါ်ပြီးအဲ့ဒီညကို Somi ဆီမှာပဲနေလိုက်တယ်။ သူမက အဲ့ဒီနေ့မတိုင်ခင်ထဲက သူမပိုင်တဲ့အခန်းကို နေဖို့ပြောထားတယ်။

ဒါက Lisa အတွက် Miss Kim နဲ့ဂိမ်းကစားဖို့ လုံးဝတိုင်ပင်အကိုက်ပဲ။

Lisa Somiကို Lisaတို့နှစ်ယောက်ကြားက အဖြစ်အပျက်တွေ အကုန်ပြောပြလိုက်တယ်။ သူမမျက်ဝန်းမှာ ဝမ်းနည်း သွားတာကိုတွေ့လိုက်တယ်။ ဒါပေမယ့် Lisaအတွက် ပိုဝမ်းနည်းစေတာက Lisaကိုပစ်မသွားပဲ သူမအကြောင်းစုံ သိတာ တောင် ဆက်ကူညီဖို့ရွေးချယ်လိုက်တာပဲ။ သူမက အရမ်းကြင်နာတတ်ပြီး သူ့အတွက်သင့်တော်မယ့် လူတစ်ယောက်နဲ့ တွေ့စေချင်တယ်။

Lisa Jennieအခန်းကထွက်လာခဲ့လိုက်တယ်။ Lisa တို့နှစ်ယောက်အတွက် စဉ်းစားဖို့နေရာတစ်ခုလိုတယ်။

Mr.Park က Lisaကိုတစ်ပတ်အားတယ်လို့ပြောတယ်။ Jennie ကသူ့မိဘအိမ်တစ်ပတ်သွားနေမယ်ပြောလို့ Lisaတစ်ပတ်လာစရာမလိုသေးဘူးလို့ပြောတယ်။ ဒါက Lisaအတွက် သူမနဲ့တွေ့စရာမလိုပဲ ပစ္စည်းတွေပြန်သယ်ဖို့ အခွင့်အရေးပဲ။

Somi နဲ့ Jennie ရဲ့ဆက်ဆံရေးက အရင်လိုမကောင်းတော့တာအမှန်ပဲ။

ဒါပေမယ့် Lisa နဲ့ Somi ရဲ့ဆက်ဆံရေးကတော့ သူမတို့နှစ်ယောက်နဲ့ဆန့်ကျင်ဘက်ဖြစ်နေခဲ့တယ်။ Somi နဲ့တစ်အိမ်ထဲ နေတာက Lisa အတွက်သိပ်အကောင်းကြီးဖြစ်လိမ့်မယ်လို့တော့မထင်ဘူး။

Lisa နဲ့ Jennie ရဲ့ဆက်ဆံရေးကတော့ မူလပုံစံအတိုင်းဖြစ်သွားတယ်။ သူမက Lisa's Boss၊ Lisa က သူမ bodyguard.

Lisa တို့နှစ်ယောက်အလုပ်ကိစ္စပဲပြောဆိုဆက်ဆံကြတယ်။

သူမ Lisa ကိုကြည့်လိုက်တိုင်း သူမကိုပြန်မကြည့်ပဲနေခဲ့တယ်။ သူမအဝေးကိုထွက်သွားမိတိုင်း Lisa နှလုံးသားအတွင်း ထဲထိ နာကျင်တာကိုခံစားရတယ်။ Lisa သူမနဲ့နီးနီးကပ်ကပ်နေချင်တယ်။ ဒါပေမယ့် ဒီလိုမလုပ်နိုင်ဘူး။

ဒါကိုယ်တို့နှစ်ယောက်အတွက်အကောင်းဆုံးပဲ။

လလယ်လောက်ရောက်တော့ Jennie, Kai, Somi နဲ့ Jennie သူငယ်ချင်းတွေဖြစ်တဲ့ Jisoo, Chaeyoung, ပြီးတော့ Kai သူငယ်ချင်း Bobby တို့ဆုံဖြစ်ကြတယ်။ သူတို့ဒီအားလပ်ရက်ကို Kai ရဲ့ အပန်းဖြေအိမ်မှာအလည်သွားကြဖို့ပြောနေ ကြတယ်။

အလုပ်သဘောအရ သူတို့ကိုကာကွယ်ပေးဖို့ Lisa ပါလိုက်ရမှာဖြစ်တယ်။ Bodyguard လဲ Lisa၊ Driver လဲ Lisa.

Mr.Wang ကမလိုက်နိုင်တော့ အလုပ်နှစ်ခုလုံးကို Lisa တာဝန်ယူထားရတယ်။ လွန်ခဲ့တဲ့တစ်လလောက်ကမှ Lisa driver လိုင်စင်ရခဲ့တာဖြစ်တယ်။

ကားပေါ်မှာ အထုတ်တွေအကုန်တင်ပြီးတော့ Kai ရဲ့ အပန်းဖြေအိမ်ကိုထွက်လာခဲ့တယ်။

Kai နဲ့ Jennie က driver နောက်ကအလည်ခုံမှာထိုင်နေတယ်။ Jisoo, Chaeyoung နဲ့ Bobby က နောက်ဆုံးခုံမှာထိုင် နေခဲ့တယ်။ Somi က Lisaဘေးမှာထိုင်ဖို့ Chaeyoung နဲ့ရန်ဖြစ်ကြတော့ Lisa ရယ်မိတယ်။

Lisa တို့ကားမောင်းလာတုန်း Kai က Jennie လက်ကိုကိုင်ထားပြီး သူမက Kai ပုခုံးကိုခေါင်းမှီထားကို သတိထားမိ တယ်။ Kai အနားမှာရှိရင် သူမအမြဲဒီလိုပုံစံလေးနေတယ်။ အဲ့ဒီအချိန်တိုင်း Lisa သူမအဝေးကိုကြည့်ဖို့ပဲ ကြိုးစားရ တယ်။

Somi သတိထားမိပြီး သူမလက်ကို Lisa ပေါင်ပေါ်တင်လိုက်တယ်။ သူမတင်လိုက်တာကိုနောက်ခန်းကနေ အကုန်မြင်နေရတယ်။

မင်းကဂိမ်းကစားချင်တာလား Jennie Kim? မင်းတစ်ယောက်ထဲဒီလိုနေလို့ရတာမဟုတ်ဘူး ငါလဲဒီဂိမ်းကို ဆော့တတ်တယ်သိလား။ Lisa ကိုယ့်ကိုကိုယ်တိတ်တိတ်လေးပြောမိတယ်။

Lisa ရဲ့အားနေတဲ့လက်တစ်ဖက်နဲ့ Somi လက်ကိုကိုင်ပြီး နှစ်ယောက်သားဆုတ်ကိုင်လိုက်ကြတယ်။ Lisa Somiလက်ကို ပြန်ဆုတ်ကိုက်လိုက်တော့အံ့သ​ြသွားပြီး ဆက်သရုပ်ဆောင်နေလိုက်တယ်။

Jennie Lisaနဲ့Somiတို့လက်ဆုတ်ကိုင်ထားတာကိုကြည့်ပြီး သူမ နေကာမျက်မှန်ကိုကောက်တပ်လိုက်ပြီး ကားပြတင်း ပေါက်ကို ငေးနေလိုက်တယ်။

The Game is on. . .

IN THE MIDDLE (Jenlisa)(Translation)Where stories live. Discover now