နေသက်နွေးရဲ့အဲ့သည့်နေအဖြစ်အပျက်က၊ လေအေးလေးတိုးဝှေ့တဲ့အိပ်မက်လေးလိုပါပဲ။အထိတွေ့ကဖွဖွလေး၊ပြီးတော့၊တစ်ခဏတာလေး။ ကိုးနာရီထိုးဆေးရုံမသွားခင်၊ဆေးတွေသေချာထည့်သွားပေးတဲ့အဲ့လူက ထမင်းစားဖို့ကိုလည်းတတွတ်တွတ်မှာနေသေးတယ်။
" အမေ ကိုယ်ထပ်ပူနေသေးတယ်ဆို၊ဆေးရုံကိုခေါ်ခဲ့နော် "
" အေးပါ ။ ငါသေချာကြည့်ထားပေးပါ့မယ် ။ သက်နွေးကလည်းကလေးမှမဟုတ်တဲ့ဟာ "
အဲ့အပြောကြားတော့ ကျော်ဇေယံထွဋ်ရဲ့အကြည့်တွေက နေသက်တွေးပေါ်ကျရောက်သွားတယ်။ ပြီးတော့တိုးတိုးလေးထပ်ပြောသွားတယ် ။
" ခလာသေးသေး၊ခွာသေးသေးလေး!"တဲ့။ အန်တီမြင့်ကတော့သဘောတကျနဲ့အကြာကြီးအော်ရယ်နေတော့တာပဲ။
နေသက်နွေးကတော့အနွေးထည်အရှည်ကြီးနဲ့မြှုတ်လို့။
အလုပ်မသွားရပေမဲ့နေသက်နွေးလှုပ်စိ၊လှုပ်စိနဲ့အိမ်မှုကိစ္စလေးတွေအစုံလိုက်လုပ်ပေးရှာတယ်။
ချွေးလေးနည်းနည်းထွက်တော့၊နေရထိုင်အဆင်ပြေလာပြီး၊အဖျားကလည်းကျသွားတာကြောင့်ဆေးရုံကိုမသွားဖြစ်လိုက်ဘူး။
နေသက်နွေးက အိမ်ရှေ့ကသစ်ပင်ရိပ်လေးမှာ၊ထိုင်ပြီးတုတ်တစ်ချောင်းနဲ့မျည်းကြောင်းတွေကိုရေးခြစ်နေတယ်။
ကျော်ဇေယံထွဋ်ရဲ့အကြောင်းခေါင်းထဲရောက်လာတဲ့အချိန်၊ဆွဲလက်စလက်ကလေးရပ်တန့်သွားပြီးခေါင်းလေးတစ်ချက်စောင်းလိုက်မိတယ်။
ရင်ဘက်ထဲက တဆက်ဆက်တုန်ယင်လာပြီး၊ သူအဲ့လူကိုအမြဲတွေ့ချင်နေမိတော့တာပဲ။ မိသားစုပြီးရင်နေသက်နွေးပထမဦးဆုံးခင်တွယ်မိတဲ့အဲ့သည့်လူ။
ဆိုင်ကယ်စက်သံကြားတဲ့အခါခေါင်းလေးတစ်ချက်မော့အကြည့်၊ခြေတစ်ဖက်ထောက်ချရင်း၊သူ့ရှေ့ရောက်လာတဲ့ခြေတံရှည်တွေ။
" နေကောင်းပြီလား "
နေသက်နွေးကခေါင်းလေးငြိမ့်တယ်၊ပြီးတော့ 'ဆက်'ခနဲခေါင်းလေးထပ်စောင်းပြန်တယ်။