Section◖1◗

1.8K 83 20
                                    

Unicode

" ကျွန် တော် နာ မည် ဒီ နွေ ဦး! ပိုင်ရှင်မဲ့၊ ဟင်! ကလေးလာပစ်ထားတာလည်းမဟုတ်ဘူး လူကြီးကြီး လာပစ်ထားတာပါလား "

ဘာရယ်မဟုတ်ဘူး။ ညကလည်း မှောင်နေပြီ။ ဆေးခန်းရှေ့က ဓာတ်တိုင်အောက်ကြီးမှာ အထီးမှန်း အမမှန်းမသိ လူတစ်ယောက် ခွေခွေလေး ဖြစ်နေသည်။ ပုံစံလေးက ချစ်စရာလေးပါ။ သို့သော် ပေတိပေစုတ်လေးဖြစ်မယ်ထင်သည်။

လက်ထဲတွင် ပုလင်းတစ်ပုလင်းကိုကိုင်ထား၍ စိမ်းညွှန့်ရောင် ချည်အကျီနှင့် ဘောင်းဘီ ၀မ်းဆက်ကို၀တ်ထားလေသည်။ လည်ပင်းတွင်လည်း စာကတ်ပြားကြီးကို ချိတ်ဆွဲထားလေသည်။ စစ်ရန် စိတ်ထဲ ကောက်ချက်ချလိုက်မိသည်က ဒီလူ‌ရူးနေတာဖြစ်မည်ဟုပေါ့။ သို့သော် ထိုလူအား အရင်ကလည်း မြင်ဖူးယောင်ယောင် ရှိသည်။ စဉ်းစားလို့မရတာ တစ်ခုတည်းပဲ။

ကူညီရနိုးနိုး၊ ဒီတိုင်းထားခဲ့ရနိုးနိုးဖြင့် တွေဝေနေစဉ် ဒီလူက ဘာဖြစ်ဖြစ် ကျုပ်က ဆရာဝန်ပဲလေဆိုတဲ့အသိဖြင့် တစ်ဖက်သားဘာဖြစ်လည်း ကူညီရမည်ပေါ့။ ဒီလိုကြောင့်ဖြင့် ဓာတ်‌တိုင်မီးယောင်အောက်တွင် လှသွေးဖျာနေသော ထိုလူကို ကားပေါ်‌ေပွ့ချီတင်ပြီး အိမ်သို့သာ ခေါ်ချသွားလေသည်။

" သား! မင်းမိန်းမခိုးလာတာလား "

" မဟုတ်ပါဘူး Daddyကလည်း "

" ဟေ! ဒါဆို မင်းဘယ်သူကိုအိမ်ခေါ်လာတာလဲ "

" ကျုပ်လည်းမသိဘူး "

" မင်းဟာက မဟုတ်သေးပါဘူး မှန်းစမ်း လူကောင်းမှန်းမသိ လူဆိုးမှန်းမသိ "

" ဒါပေမယ့် ဒုက္ခရောက်သူတွေ့ရင်တော့ ကူညီရမယ်လေ ဗျာ "

အဖေထက် သားတစ်လကြီးဆိုတဲ့အတိုင်း အကြောင်းပြချက် မျိုးစုံကုိ ရှင်းပြနေပုံက သူသိ၊ သူတတ် အနေထားဖြင့် ဖြစ်သည်။ သူဘေးတွင်ကပ်ပါလာသည့် တစ်ယောက်သည်လည်း မိန်းကလေးဆန်ဆန်လေးဆိုပေမယ့် ကိုယ်လုံးကိုယ်ပေါက်က ပြားချပ်ချပ်ရယ်၊ အထီးအမဘာမှန်းတောင်မသိပေ။

ဦးထွန်းအောင်ငြိမ်း တစ်ယောက်သည် သားဖြစ်သူဘေးက သူလေးကို အကဲခတ်လို့မပြီးသေးပေ။ သေချာကြည့်နေရာမှာ မျက်လုံးတစ်ဖက်ကို သားဖြစ်သူထံပြန်ဝေ့ကြည့်ရင်း

မောင့်ဖက်စိမ်းထုတ်လေး//complete //Where stories live. Discover now