Section◖8◗

358 15 0
                                    

Unicode

ပန်းပင်တွေရေလောင်းပြီးပြန်သော် ခြံ၀မှာ ဖက်စိမ်းထုတ်လေးဟာ ငုတ်တုတ်လေးထိုင်နေလေသည်။ မိပုသည်လည်း ထို‌အကောင်ပေါက်လေးနားသို့ စက်ဘီးလေးဖြင့် ရောက်လာတော့သည်။

“ ကိုစစ်ကတော် ဘာဖြစ်နေတာလဲ ”

‌နွေလည်း ခေါင်းလေးသာခါပြပြီး ပြန်မှိုင်သွားပြန်ပြီ။ မိပုက ခါးကို ကိုင်းကာ နောက်တစ်ခါထပ်ပြောပြန်သည်။

“ စက်ဘီးစီးချင်လား ကိုစစ်ကတော် ”

“ နွေ စက်ဘီးမစီးတတ်ဖူး ”

“ ဟယ် ကို‌စစ်ကတော်က‌ အဲ့ဒါတော့ မမိုက်ပါဖူး မိပုဆို ငယ်ငယ်တည်းက စက်ဘီးစီးတတ်တယ် ”

“ နင်အရမ်းစကားများတာပဲမိပုရယ် ”

နွေတစ်ချက်ပြန်ပြီး ငြိမ်သက်သွားပြန်သည်။ ထိုစဉ် မိပုက စက်ဘီးကြီး ထိုးပေးပြီး

“ မိပုသင်ပေးမယ် စက်ဘီးပေါ်တက်လိုက် ”

“ ဟင် ဖြစ်ပါ့မလား ”

“ ယုံလိုက်စမ်းပါ ကိုစစ်ကတော်ကလည်း ”

“ ဟဲ့ နင်အဲ့နာမည်ခေါ်တာ တိုးတိုးသာသာခေါ်  ”

ထိုအခါ မိပုကလည်း နွေရဲ့အနားသို့ ကပ်လာပြီး စကားကို နွေကြားရုံမျှ တိုးတိုးလေးပြောလေသည်။

“ ဘယ်သူကိုကြောက်လို့လဲ ”

“ လျှာမရှည်နဲ့တော့ နင် ပေးစက်ဘီး ”

ထိုအခါ ရှက်ရမ်းရမ်းပြီး ကောင်လေးဟာ စက်ဘီးကို ဆွဲလုလိုက်ပြီး ခြံပြင်သို့ ခြေဆောင့်ကာ ထွက်သွားတော့သည်။ မိပုလည်း ခြေအမြန်သုတ်ပြီး သင်းနောက်လိုက်ရတော့သည်။

“ စောင့်အုန်းလေရှင် ”

>>>>>><<<<<<<<

စစ်ရန်ငြိမ်းတစ်ယောက် အိမ်ပြန်ရောက်ရောက်ချင်း ထိတ်လန့်စေတဲ့ ဖြစ်ရပ်ကတော့ ကားရှေ့မှာ စက်ဘီးလေးနှင့် ခွေလျက်ကျနေတော့ မောင့်တစ်ခြမ်းလေး...

“ နွေ! ”

ငယ်သံပါသည်ထိ အော်မိလိုက်ပါသော မြင်ကွင်းဟာ မျက်လုံးက မထွက်နိုင်တဲ့ထိပင်။ ကားပေါ်မှ အလျင်မြန်ပင်ပြေးဆင်းသွားကာ ကောက်ယူပွေ့ချီလိုက်တော့လည်း အနှီကောင်လေးရဲ့ကိုယ်မှာ လက်တစ်ပွေ့စာရယ်။

မောင့်ဖက်စိမ်းထုတ်လေး//complete //Where stories live. Discover now