Section◖7◗

332 25 0
                                    

Unicode

" အချစ်က မနက်စောစောစီစီးလည်း ကျက်သရေယုတ်စေတယ် သိလား "

စစ်ရန်ငြိမ်း ဒေါသတွေတော်တော်ပေါက်ကွဲထွက်နေတာဖြစ်သည်။ ခွေခွေရှုံ့ရှုံ့လေးဖြစ်နေသော အဖြူထည် ကလေးငယ်လေးကတော့ မျက်ရည်တွေနဲ့ပေါ့။ ဖက်စိမ်းထုတ်လေးခင်ဗျာ အသံ‌တိုးတိုးလေးဖြင့်

" ‌ကျွန်‌ေတာ် တကယ် ထွက်သွားပေးပါ့မယ် "

" ခင်ဗျား နောက်တစ်ကြိမ် ထပ်ပြောရင် ကျုပ်ခင်ဗျားကို အပိုင်သိမ်းပြမယ် "

" သိပ်မုန်းနေတာကို ဆွဲမထားချင်ပါနဲ့ ‌ကျွန်တော်လည်း ခံနိုင်ရည်မရှိသလို ခံစားတတ်တဲ့လူပါ "

" ခင်ဗျား ဘာလို့ လိမ်ခဲ့ရတာလဲ "

" မယုံမကြည်ပဲနဲ့ မေးတဲ့မေးခွန်းတွေကိုတော့ ကျွန်တော်မဖြေချင်ဘူး "

" အလိမ်တော်တဲ့ခင်ဗျားကို ကျုပ်သိပ်မုန်းတယ် "

အားအင်တွေလည်း ကုန်ခမ်းနေပါပြီ။ အပြုံးတွေလည်း ဒိတ်ကုန်သွားပါပြီ။ မောင်က သူကိုသိပ်မုန်းတာပဲတဲ့။

"ကိုယ့်ကိုသိပ်မမုန်းပါနဲ့
ကိုယ်ကမင်းဘဝအတွက်
တစ်သက်တာအာမခံ
လေးပေမီးချောင်းလေးပါ
မင်းအမုန်းတွေကြောင့်
လေးပေးမီးချောင်းလေးကျွမ်းသွားလိမ့်မယ်"

-----------

မောင်ကထွက်မသွားရဘူးဆိုလို့ အလျော့ပေးကာ ထိုအိမ်ကြီး၌သာ ခိုကပ်မိသည်။ မောင်ကလိမ်မိတာပဲမြင်တယ်။ လိမ်ရတဲ့ အကြောင်းအရင်းလေးသာ သိရင် အသည်းမာတဲ့မောင်က ‌မျက်ရည်တွေနဲ့ ထိုင်ငိုနေမှာ မြင်ယောင်မိပါသေးတယ်။

မနက် 8:30ရှိနေပြီ။ မောင်ဆေးရုံသွားလောက်ရောပေါ့ဟု အထင်ဖြင့် အခန်းပြင်ကိုထွက်လိုက်ချိန် ချောင်းဟန့်သံတစ်ခုထွက်ပေါ်လာသည်။

" အဟမ်း! "

" ဟင် "

မအူမလည်ရုပ်လေးဖြင့် မော့ကြည့်လာသော ဖက်စိမ်းထုတ်‌ေလးကုိ စစ်ရန်ငြိမ်းဟာ ရုတ်တရတ်ကြီး မျက်နှာကို လွှဲချလိုက်လေသည်။ ကောင်လေးရင်ထဲ ဘယ်လောက် ပူသွားမလဲ။ ၀တ်တရားအရ ကိုယ့်ဘက်ကပဲ စကားအရင်အစချီလိုက်မိသည်။

မောင့်ဖက်စိမ်းထုတ်လေး//complete //Where stories live. Discover now