Section◖2◗

833 62 0
                                    

Unicode

မနက်စောစောစီးစီး ဆေးရုံသွားမလို့ ပြင်ရဆင်ရဖြင့် အချိန်တောင် နည်းနည်းလင့်ဟင်းတော့မည်။ ဒီကြားထဲ မူလီလို ရစ်စိန်ကလည်း ကျုပ်သွားမယ့်လမ်းမှာ လာပိတ်နေပြန်သည်။

“ ကျွန်တော်ကို ခေါ်သွားပါနော် ဒေါက်တာလေး ”

“ ‌ဟာဗျာ! ဆေးရုံက လိုက်တိုင်းကောင်းတာမဟုတ်ဘူး ရောဂါပိုးတွေကလည်းအများကြီး ”

“ ရောဂါပိုးဆိုတာ ဘာလဲ ”

“ နေရာတိုင်းမှာ တွယ်ကပ်‌ေနတဲ့သတ္တဝါတွေကိုပြောတာ ”

“ ဒါဆို ဒေါက်တာက ကျွန်တော်ကို ပြော‌တာလား ”

“ ဗျာ! ”

“ ကျွန်တော်ကလည်း ဒေါက်တာလေးရဲ့ နေရာတိုင်းကို လိုက်တွယ်ကပ်နေလို့လေ ဟီးဟီး ”

ဒီလူထပ်ပြုံးပြန်ပြီ။ သူပြုံးလိုက်တိုင်း ကျုပ်ရင်ထဲ ဘာတွေဖြစ်သွားမှန်း မသိသည်အထိကို ပရုတ်သုတ်ခဆန်သည်။ အပြုံးနဲ့လူကို သတ်တယ်ဆိုတာ ဒါပဲနေမည်။

“ ခင်ဗျားရယ် အိမ်မှာ နေခဲ့ပါဆိုကွာ ကျုပ်ဆေးရုံကို လိုက်လာရင် ကျုပ်က ပစ်ထားမိမှာ ”

“ အဟင့်! ”

ဘာမှ‌တောင်မပြောရသေးပေ။ မျက်ရည်မကျပဲ ငိုမဲ့မဲ့ကစတင်လုပ်ပြီ။ ခင်ဗျားကလေ အတိတ်သာမေ့နေလို့ပဲ လူကောင်းဆိုရင် ကျုပ်ကို ရောင်းတောင် စားမည် ထင်တယ်။

“ ဒီမှာဗျာ ကျုပ်ဆေးရုံကိုတော့မလိုက်နဲ့ ညနေ ကျုပ်ဆေးခန်းထိုင်တော့မှ ခင်ဗျားကိုခေါ်သွားမယ် ”

“ တကယ်‌ေနာ် ဒေါက်တာလေး! ”

“ တကယ်ဆိုဗျာ ”

“ ဒေါက်တာလေးကချစ်စရာလေး ဟီးဟီး ”

“ ဗျာ ကျုပ်ကလား ”

ဒီလူအမြဲပြုံးနေတာ ပုံမှန်တော့မဖြစ်နိုင်ဘူး။ ကျုပ်လေ့လာဖူးတဲ့စာအုပ်တွေထဲကအရဆိုရင် အမြဲရီမောနေသည့်လူတစ်ယောက်က နာကျင်မှုအမြောက်အပြားထွေးပွေ့ထားရတာတဲ့။ ဒီလူလည်း စိတ်ဒဏ်ရာတွေရှိနေမှာလား။

“ ကျွန်တော် စောင့်နေမယ်နော် ”

“ ဟုတ်ကဲ့ပါဗျ ”

မောင့်ဖက်စိမ်းထုတ်လေး//complete //حيث تعيش القصص. اكتشف الآن