Section◖4◗

613 46 5
                                    

Unicode

နွေးတွေးတွေးဖြစ်နေသော နှဖူးပေါ်တွင် ရောယှက်နေသော ဆံနွယ်လေးတွေကို ဖယ်ကာ ရေစို၀တ်လေးတင်ပေးမိသည်။ ဖြူဖက်ဖြူရော်ဖြစ်နေသော မျက်နှာထားလေးမှာ သွေးကြောစိမ်းစိမ်းတွေက နုဖက်စွာတည်ရှိနေသည်။ စစ်ရန်ငြိမ်း ရဲ့ မျက်၀န်းတို့သည် ဘ၀တစ်လျှောက်လုံး လူနာတွေ ပြုစုခဲ့သမျှ ဒီလူနဲ့မှပဲ မခွဲခွာချင်လောက်အောင် ပြုစုပေးချင်မိသည်။

“ ခင်ဗျား တစ်သက်လုံး အတိတ်မေ့စွာနဲ့ပဲ ကျွန်တော်ဘ၀ထဲမှာ တည်ရှိပေးနိုင်မလား ”

ရှည်လျားသော ဆံပင်တို့ကို နားသည်စက်မှ နားအနောက်သို့ ပို့ပေးလိုက်မိသည်။ ရိုးရှင်းလွန်းတဲ့အလှက အချစ်ကို ဖမ်းစားသွားပြီ။ ခင်ဗျားကို ဖြောင်းတန်းတဲ့ ကျွန်တော်စိတ်ကိုတောင် ကွေးကျကိုင်းညွှန့်တဲ့အထိ လုပ်ဆောင်နိုင်တယ်။ ခင်ဗျားသာ မိန်းကလေးဖြစ်ကြည့် တစ်ဘ၀လုံစာအတွက် တာ၀န်ယူ တင့်တောင်းပါ့မယ်။

သွေးကြောလေးများ ဖျင်းစိမ့်စိမ့်ထနေသော မျက်၀န်းအိမ်လေးဟာ ညှင်သာစွာဖြင့် ပွင့်လင်းလာသည်။ ကိုယ်အပူချိန်တွေ တက်နေရအောင် ဘာတွေများ လုပ်ခဲ့သလဲဟူ၍ ဆူငေါက်ကာ မေးကြည့်လိုက်ချင်တယ်။ ဒါပေမယ့် လည်း

“ ခင်ဗျား နိုးလာပြီလား ”

“ ဒေါက်တာလေး! ”

ခေါင်းအုံးပေါ်တွင် လှဲလျောင်းအိပ်စက်နေရာမှ ငုတ်တုတ် ထထိုင်ကာ အလန့်တကြားအော်လေသည်။

“ ဘာဖြစ်တာလဲ ”

“ အဟင့် ဒေါက်တာလေး ကျွန်တော်ဒီမှာပဲနေချင်တယ် ”

“ ခင်ဗျားနဲ့တော့ ခက်ပြီ အခု ကျုပ်က ခင်ဗျားကို နှင်မထုတ်ပါဘူး ”

အဲ့လိုပြောတော့ မအူမလည်လေးက မျက်လုံးလေးကို ‌ဝဲတစ်လည်လည်ဖြင့် ကြည့်လေသည်။ ဘယ်တတ်နိုင်ချေမလဲ တစ်ချိန်ကျ သူရဲ့အုပ်ထိန်းသူထံ ပြန်အပ်ပေးလိုက်မှာပဲလေ။

ဒီနွေဦးမှာ ဖုံးကွယ်ထားသည့် အကြောင်းအရာဆိုတာ လက်ချိုးမရေတွက်နိုင်အောင်ကို များနေပြီ။ အိမ်မက်ဆိုးတွေကြားက မည်သည့်ရုန်းထွက်ရမှန်းလည်းမသိပါ။ တစ်ချိန်က လူတစ်ယောက်ကြောင့် သူဘ၀ကို သူလည်း မုန်းသည်။ အခုချိန်မှာမြင်တွေ့ရသည့် ဒေါက်တာလေးဟာလည်း အဲ့လိုလူစားမဖြစ်ဖို့ မျှော်လင့်သည်။ ရုတ်တရတ်စိတ်လေးထဲ ပြေးလွှားသွားသော ပုံရိပ်ဟာ...

မောင့်ဖက်စိမ်းထုတ်လေး//complete //Where stories live. Discover now