Section◖9◗

229 8 0
                                    

•Uni•

မျက်လုံးလေးကို ဖွင့်လိုက်ရုံရင်ဖြင့် မောင်က ဘေးမှာ သူလက်လေးကို ကိုင်ပြီးအိပ်နေလေရဲ့။ မောင်ကသူကိုသိပ်ချစ်ပါတယ်။ ဖွင့်မပြောပေမယ့် မောင့်ရင်ထဲကို နွေ ၀င်ကြည့်တတ်ပါတယ်။ ‌ဟော ပြောရင်း မောင့်မျက်လုံးလေးတွေဖွင့်လာပြီ။

" ခင်ဗျား ဘာလို့ကြည့်နေတာလဲ "

" အယ်...ဟို ကြည့်ဖူး "

" လိမ်ပြန်ပြီ! "

" ကြည့်တယ် ကြည့်တယ် နွေကြည့်မိပါတယ် "

ရွဲ့တာတောင် ချစ်ဖို့ကောင်းနေမှုကတော့ နှလုံးသားလေး ဟက်ထိမိတဲ့အထိပဲ။ ထိုစဉ် အိမ်ရှေ့၌ဆူညံဆူညံအသံတို့ နားထဲကြားလာရသည်။ "ဒီနွေဦးဘယ်မှာလဲ"ဆိုတဲ့အသံသည် ဧည့်ခန်းတစ်ခုလုံးကိုပြန့်နှံ့သွားသည်။ နွေထိုအသံကိုရင်းနီှးလွန်းသည်။ လက်ဖျားခြေဖျားတွေပါအေးစက်လာတဲ့ထိ။

စစ်ရန်ငြိမ်းဟာ ကုတင်ပေါ်မှ အလျင်မြန်ထ၍ ဘယ်သူဘယ်ဟာလည်း ထကြည့်မိသည်။ အိမ်ရှေ့ခန်းမှဆူညံ့သံတွေက စစ်ရန်ငြိမ်းကိုနားခါးစေသည်။ အဖေဖြစ်သူကလည်း ထက်ရံနိုင်ကို ကြည်ကြည်ဖြူဖြူဧည့်ခံနေသည်။ စစ်ရန်ငြိမ်းကတော့ ဒေါသတွေထွက်နေပုံက နီနီရဲရဲမျက်နှာပေါ်အထင်းသား။

နံရံထောင့်မှာကပ်နေသော မိပုသည် ကြက်မွှေးချောင်းကြီးကိုင်ပြီး ကြောက်လန့်နေသည်။ မိပုဘေးမှာ ဖြူဥဥကောင်လေးကလည်း မျက်ရည်တွေစတင်ကျ‌လာနေပြီဖြစ်သည်။

" ဒီနွေဉီး ငါနဲ့ပြန်လိုက်ခဲ့ "

နွေသိပ်ကြောက်သလို သိပ်လည်းမုန်းရတဲ့ ထို‌လူပေါ့။ ထိုလူဘယ်သူမှန်း စစ်ရန်ငြိမ်းတန်းသိသည်။ ထို့ကြောင့်ပင် ဒေါသတွေထိန်းမနိုင်သိမ်းမနိုင်ထွက်နေခဲ့ခြင်းဖြစ်သည်။

" ခင်ဗျားက ဘာစောက်ဆင့်ရှိလို့ ကျုပ်အိမ်ထဲထိ ကျုပ်လူကိုလာခေါ်ရတာလဲ "

" ဟ မင်းလူလို့ပြောရအောင် ဒီနွေဦးဆိုတဲ့ ကောင်နဲ့ မင်းက *ိုးပြီးပြီ မို့လို့လား "

စစ်ရန်ငြိမ်း သူရဲ့ ကျစ်ကျစ်ပါအောင်ဆုတ်ထားသော လက်သီးဖြင့် ထက်ရန်နိုင်ကို အုပ်မိုးကာ အချက်‌အရေတွက်ပေါင်းများစွာဖြင့် ဆင့်ထိုးတော့သည်။ မျက်ရည်ပေါက် များကြောင့် စမ်းတဝါးဝါးဖြစ်နေသည့် နွေတစ်ယောက်ကြောက်လန့်တကြား အော်ဟစ်ပစ်လိုက်ကာ အခန်းတစ်ခုလုံး ငြိမ်သက်သွားသလို စစ်ရန်ငြိမ်းထိုးချက်တွေဟာလည်း အလိုလိုရပ်တန့်သွားသည်။

မောင့်ဖက်စိမ်းထုတ်လေး//complete //Where stories live. Discover now