Section◖5◗

555 49 5
                                    

Unicode

“ သွားကိုစိထားလေ ”

“ သွားမတိုက်ချင်ပါဘူးဆို ”

“ မရဘူး တိုက်ရမယ် ကလေးလည်းမဟုတ်ပဲ ခင်ဗျားသွားမှာ ပိုးတွေစားလိမ့်ပြီ ”

“ အဟင့်! ”

ကိုစစ် တစ်ယောက် ဒီကလေးဆိုးကြီးကို လက်လျော့ချင်နေပါပြီ။

“ ကဲ သဘောဗျာ ”

“ ဟီး ဟုတ် ”

သွားတွေကို ဖြီးနေတာ ပြောင်းဖူးတန်းလေးကျနေတာပဲ။ ဖက်စိမ်းထုတ်လေးရဲ့ အပြုံးတောက်တောက်က တကယ်ကို အကြည်ဓာတ် အကြွေဆင်လေးပါ။

“ ကျုပ်မရှိတုန်း အခြားလူတွေစကားနားထောင်နော် ဖက်စိမ်းထုတ်လေး ”

“ စိတ်ချပါဗျ ”

ဘယ်လိုတောင်လည်းကွာ! ဒီကောင်အသည်းတွေကို ပေါက်ထွက်အောင် ဖမ်း‌စားနေတာလား။

“ ဟုတ်ကဲ့ပါဗျ ”

••••••

“ ခွမ်း! ဒုန်း! သွားကြစမ်းကွာ အကုန် ထွက်သွား နွေမပါလာမချင်း မင်းတို့ ငါ့အိမ်အရိပ်တောင် ထပ်မနင်းကြနဲ့ ”

အခန်းတစ်ခုလုံး ပန်းအိုးကွဲစများ ဖန်ခွက်ကွဲစများ ကပိုကရိုဖြစ်နေသော အရာရာတိုင်းသည် အကုန်လုံး ထက်ရံနိုင် ဖြတ်စီးပစ်ထားတာဖြစ်သည်။ ဂိုဏ်းစတားတစ်ယောက်က ဘာမဟုတ်တဲ့ ကောင်လေးတွက် အရူးတစ်ယောက်လို ဖြစ်နေပါရောလား။ ဒေါသတွေအလူးအလဲထနေချိန် ‌သူရဲ့လက်ထောက်တစ်ယောက်မှာ

“ ရှာဖို့ကမဖြစ်နိုင်‌ေတာ့ဘူးထင်တယ် သူကအခုချိန် မန္တလေးမှာတကယ်မရှိတော့တာ သေချာတယ် နောက်ပြီး သူက မိန်းကလေး ဆန်နေတော့ အခြား‌တစ်စုံတစ်ယောက်နဲ့ ခိုးရာ... ”

“ တိတ်စမ်း ဟေ့ကောင် ”

‌အရှိန်မရပ်နိုင်သော ဒေါသကိုထပ်မှန်တူးဆွနေသလားပဲ။

“ အခြားတစ်ယောက်ဆိုတဲ့ နောက်လိုက်ရအောင် ဒီနွေဦးက လင်တကာရှုပ် တွေ့ကရာ ချစ် လူစားမျိုးမှမဟုတ်တာ ”

“ ဒါပေမယ်... ”

ရပ်တန့်လိုက်တော့ စကားသွေးကြောအဆုံး ထက်ရံနိုင်ဆက်၍ ပြောသည်။

မောင့်ဖက်စိမ်းထုတ်လေး//complete //Where stories live. Discover now