3

10.9K 1.1K 30
                                        

zawgyi

အနားသတ် မညီသော

အပိုင်း (၃)

Clubကနေ အချိန်ပိုင်း အလုပ်ပြီး၍ အ၀တ်အစားလဲပြီး ပြန်ထွက်လာခဲ့သည့် ကင်မ်ထယ်ယောင်း ။

မနက် ၃နာရီပင် ထိုးလုပြီမို့ လမ်းမထက် ကားများက ရှင်းလင်းနေကာ တစ်စီးစ နှစ်စီးစသာ သွားလာနေကြသည် ။

Bus Carဂိတ်က ခုံတန်းလေးတွင် ထိုင်ချလိုက်သည့်သူ ။

ကားထွက်ချိန် တစ်ဖန်ပြန်စလာမည့် အချိန်ကိုသာ စောင့်ဆိုင်းရင်း ခဏ အနားယူရသည် ။

အိမ်သို့ပြန်ရောက်လျှင် ထယ်ယန်းလေး၏အခန်းကို တံခါးအသာယာ ဖွင့်ဟကြည့်ကာ နှစ်ခြိုက်စွာ အိပ်မောကျနေသော ထယ်ယန်းလေးကြောင့် သူ တံခါးကို ပြန်စေ့ပိတ်ပြီး မိမိ၏ အခန်းထဲကို ၀င်လာခဲ့သည် ။

တစ်နေ့တာလုံး အလုပ်များ ဆက်တိုက်လုပ်ခဲ့သော်လည်း ကုတင်ပေါ် လှဲချလိုက်သည့်တ်ုင် မျက်ဝန်းများက ကြောင်စီစီနှင့် နှစ်ခြိုက်စွာ အိပ်မပျော် ။

အတွေးများက ဟိုရောက် ဒီရောက်နှင့် Clubထဲမှာ တွေ့ခဲ့သည့် ပုံရိပ်ကို ပြန်အမှတ်ရလာသည် ။

မမြင်ရတာ နှစ်ချီနေပြီဖြစ်သည့် အပြုံးတစ်ခု ။

ဟိုးအရင်တုန်းက ထယ်ယောင်းထံ တစ်နည်းနည်းနှင့် ရောက်လာနေကျ နှင်းဆီပန်း အနီရောင်တစ်ပွင့် ။

" နှင်းဆီအနီရောင်တစ်ပွင့်ရဲ့ အဓိပ္ပါယ်က ရိုးရိုးရှင်းရှင်းလေးပဲ...
မင်းကို ငါချစ်တယ်တဲ့...
ထယ့်ကို ကျွန်တော် ချစ်တယ်.. ကျွန်တော့်အချစ်ကို ထယ် လက်မခံမချင်း ဒီလိုမျိုး နေ့တိုင်း နှင်းဆီနီတစ်ပွင့်နဲ့ ကျွန်တော့်အချစ်ကို ၀န်ခံမယ်..."

" ထယ်က နှင်းဆီနဲ့ တူတယ်... လှပပေမယ့် ဆူးနဲ့ဝန်းရံထားတာမျိုး.. အဲ့လိုဆိုရင်တောင် ကျွန်တော်က ဆူးစူးခံပြီးတော့ကို ထယ့်ကို ထွေးပွေ့ထားမှာ.. ဘယ်တော့မှ မလွတ်တမ်းပေါ့..."

အပြုံးချိုချိုလေးနှင့် သူ့ပတ်ဝန်းကျင်မှာ အမြဲတမ်းလိုလို ရှိခဲ့သည့် ပုံရိပ်တစ်ခု ။

ထယ်ယောင်း မျက်ဝန်းတို့ကို ဖြည်းညှင်းစွာ မှေးပိတ်လိုက်သည် ။

Difference between us (Complete)Where stories live. Discover now