zawgyi
အနားသတ် မညီသော
အပိုင်း (၁၉)
" မင်းကို သူက တစ်ခါမှ ပိုက်ဆံနဲ့ တန်ဖိုးမဖြတ်ခဲ့ဖူးဘူးလို့ ပြောတယ်.. ဒီပိုက်ဆံက မင်းနဲ့ပဲ သက်ဆိုင်တယ်ထင်လို့.. အဖေက မင်းကို တဆင့် ပြန်ပေးတာ.."
ဂျောင်ကု စိတ်ရှုပ်ထွေးသွားရကာ မည်သို့တုံ့ပြန်မှုမျိုး လုပ်ရမည် မသိတော့ ။
အဖေ့အခန်းထဲကနေ ဘဏ်စာအုပ်ကိုကိုင်ကာ ငူငိုင်သည့် ခြေလမ်းများနှင့် ပြန်ထွက်လာခဲ့သည် ။
" ပြန်တော့မှာလား.. သခင်လေး.. တစ်ခုခု မစားသွားတော့ဘူးလား.."
အိမ်တော်ထိန်းဦးလေး၏ စကားကို ဂျောင်ကု လေးပင်စွာ ခေါင်းယမ်းငြင်းဆန်ပြီးမှ ဘဏ်စာအုပ်ကို စူးစိုက်ကြည့်မိသည် ။
" ကင်မ်ထယ်ယောင်းကို ဦးလေး မှတ်မိလား.. အဘွားဆီကနေ ပိုက်ဆံတောင်းခဲ့တဲ့ တစ်ယောက်..."
" ဟုတ်.. မှတ်မိပါတယ်.."
သူကိုယ်တိုင် ငွေသား စီစဉ်ပေးခဲ့ရသည်မို့ ဘယ်လိုလုပ် ထိုအဖြစ်အပျက်ကို မေ့နိုင်ပါ့မလဲ ။
" သူ.. အဘွားဆီကနေ ပိုက်ဆံတောင်းခဲ့တုန်းက ဦးလေးရော.. ရှိနေခဲ့လား..."
" အာ..."
အိမ်တော်ထိန်းက ပြောသင့်မပြောသင့် တွေဝေသွားပေမယ့် သူဌေးကတော်ကြီးက ကွယ်လွန်ခဲ့တာ ကြာမြှင့်ပြီ ဖြစ်သည့်အပြင် တစ်စွန်းတစ်စ ကြားသိရသည့် သခင်လေးတို့အဖြစ်ကြောင့် ဖွင့်ဟရန် ဆုံးဖြတ်လိုက်သည် ။
" တကယ်တော့.. အဲ့ဒီ့ကောင်လေးက ပိုက်ဆံတောင်းခဲ့တာ မဟုတ်ပါဘူး.. အဲ့ဒီ့ကောင်လေးရဲ့အဖေဖြစ်သူက သခင်လေးရဲ့အဘွားဆီ ရောက်ချလာပြီး ပိုက်ဆံညှစ်ခဲ့တာ.."
" ဗျာ??..."
" ကျွန်တော်ဖြင့် တစ်သက်နဲ့တစ်ကိုယ် အဲ့ဒီ့လို ဖခင်မျိုးကို ပထမဆုံး တွေ့ခဲ့ဖူးတာ.. သူ့သားကို သခင်လေးနဲ့ လမ်းခွဲစေချင်ရင် ပိုက်ဆံပေးဆိုပြီး ငွေညှစ်ခဲ့တာ.. နောက်တော့ အဲ့လူက ဘယ်လိုနည်းလမ်း သုံးလိုက်တယ်တော့ မသိဘူး... အဲ့ကောင်လေးကိုယ်တိုင်က သခင်လေးရဲ့အဘွားရှေ့ကို ရောက်လာခဲ့တာပဲ..."
