5

10.6K 1K 63
                                        

zawgyi

အနားသတ် မညီသော

အပိုင်း (၅)

Bar Counterမှာ ထိုင်ရင်း ဖျော်စပ်ထားသည့် ယမကာများ တစ်ခွက်ပြီး တစ်ခွက် သောက်နေသည့် ဂျောင်ကု ။

Counterပေါ် တင်ထားသည့် သူ့ဖုန်းက Ringtoneသံ ခဏခဏ ဆိုသလို မြည်ဟီးနေသော်လည်း ဥပေက္ခာသာပြုထားမိသည် ။

" အားရှ်... ကင်မ်ထယ်ယောင်း... မုန်းဖို့ကောင်းလိုက်တဲ့.. ကင်မ်ထယ်ယောင်း.. "

ရေချိန်ကိုက်နေပြီဖြစ်သည့် ဂျောင်ကုတစ်ယောက် အာလေးလျှာလေးနှင့် ထိုလူ့ကိုသာ မုန်းတီးကြောင်း တတွတ်တွတ် ရွတ်နေမိသည် ။

ကင်မ်ထယ်ယောင်းက အစတည်းက မုန်းဖို့ကောင်းခဲ့တာ..။

မုန်းဖို့ကောင်းလောက်အောင် သူ့အချစ်ကို အခေါက်ခေါက် အခါခါ အဖက်မလုပ်ဘဲ ငြင်းဆန်တယ်..။

ခေါင်းတစ်ချက်ညိတ်ရုံအဖြေနဲ့ ချစ်သူရည်းစားဘ၀ ရောက်တော့လည်း အေးတိအေးစက်နဲ့ သူကပဲ ချစ်ပြသည်းပြတာတောင် ရင်ခုန်စိတ်လှုပ်ရှားဟန် တစိုးတစိမျှ ပေါ်ခဲ့တာ မဟုတ်ဘူး ။
အဲ့ဒီ့တုန်းက ဂျောင်ကုတစ်ယောက် မွှန်နေတုန်းဆိုတော့ ထိုလူ့ရဲ့အဲ့လို ဟန်ပန်ကို သည်းသည်းလှုပ် ခယပြီး သက်ဆိုင်ခဲ့ရတောင် ကံအကောင်းဆုံးဆိုပြီး ဂုဏ်ယူခဲ့ရသေး..။
ထိုလူက သူ့ကို မချစ်လို့ အဲ့လို့အေးစက်နေတာဆိုပြီး မတွေးမိခဲ့ဘဲနဲ့လေ..။

အချစ်က အရာရာကို ကန်းစေခဲ့တာပဲ..။

အခုတော့ ဂျောင်ကု အမြင်မှန်ရပြီမို့ ကင်မ်ထယ်ယောင်းအတွက် သူ့ဆီမှာ အမုန်းပဲ ရှိတော့တယ်..။

သူ့ကို ၀မ်သိန်း၅၀၀နဲ့ လဲသွားတဲ့ ကင်မ်ထယ်ယောင်း..
အမှိုက်တစ်စလို စွန့်ပစ်သွားတဲ့ ကင်မ်ထယ်ယောင်း..

ခင်ဗျားကို သေချာပေါက် ကလဲ့စားချေမှာ ကင်မ်ထယ်ယောင်း..။
.
.
.

" ကျစ်..."

ဘယ်နှစ်ကြိမ်ခေါ်ခေါ် ဖုန်းမကိုင်ပါသော ဂျွန်ဂျောင်ကုကြောင့် ချာအွန်ဝူးတစ်ယောက် ပတ်ခ်ဂျီဟွန်းထံကို ပြောင်းခေါ်ဆိုလိုက်သည် ။

" ဂျောင်ကုက ငါနဲ့အတူတူ ရှိနေတာ မဟုတ်ဘူး..."

ချာအွန်ဝူးက သူ့ဆီကို ဆက်သွယ်သည့်အခါ ထိုအကြောင်းအရင်း တစ်ခုသာ ရှိသည်ဖြစ်၍ ဂျီဟွန်းက ပိတ်ပြောလာသည် ။

Difference between us (Complete)Where stories live. Discover now