7

10.3K 1K 71
                                        

zawgyi

အနားသတ် မညီသော

အပိုင်း (၇)

ဂျောင်ကု၏ အိမ်ဆီသို့ စောစောစီးစီး ရောက်လာခဲ့သည့် ချာအွန်ဝူးတစ်ယောက် ဂျောင်ကု၏ အိပ်ခန်းတံခါးကို ဖွင့်ဝင်လာခဲ့လျှင် ကုတင်ထက် ငုတ်တုတ်ထိုင်နေသော ဂျွန်ဂျောင်ကုကို ဆီးကြိုတွေ့လိုက်ရ၍ အံ့အားသင့်သွားရသည် ။

ဂျွန်ဂျောင်ကု ရာဇ၀င်မှာ ဒီလို မနက်စောစောစီးစီး ထဖူးတယ်ဆိုတာမျိုးက ရှိမှမရှိခဲ့ဘဲ ။

" နေပါဦး.. မင်းက ဘာလို့ အစောကြီး ထနေတာလဲ..."

" ဒီအချိန်လောက်ဆို Dutyချိန်းပြီလား.. "

ဖုန်းScreenကိုသာ စိုက်ကြည့်နေသည့် ဂျွန်ဂျောင်ကုက ညက အိပ်ရောအိပ်ခဲ့ရဲ့လားမသိ ။

ကင်မ်ထယ်ယောင်းက night dutyကျသည်ဖြစ်၍ ဒီနေ့ကို အလုပ်နားလောက်သည် ။

" ဒါဆို.. ကင်မ်ထယ်ယောင်းက မနက်ဖြန်မှ အလုပ်ဆင်းတော့မှာပဲ..."

ဂျောင်ကု ရေရွတ်လိုက်ရင်း ဖုန်းကို လက်ထဲကနေ ချလိုက်သည် ။
မနေ့တုန်းက Hotelကနေ ညမိုးချုပ်မှ ပြန်လာခဲ့သည့်အပြင် ညဘက်ပါ ကောင်းကောင်းမွန်မွန် အိပ်မပျော်သောကြောင့် သူ့မျက်စိတို့က ကျိန်းစပ်နေသည် ။

" ဒီနေ့ Hotelသွားမှာလား.. သူဌေး..."

" ဟင့်အင်း..."

ဒုက္ခပေးစရာလူလည်း မရှိဘဲနဲ့ သူက ရုံးခန်းမှာ ဘာသွားထိုင်လုပ်ရမှာလဲ..။

အွန်ဝူးက သူ့ကို ခဏ၀င်တွေ့ပြီးမှ အလုပ်ကိစ္စများ စီမံရန်အတွက် Hotelကို ထွက်ခွာသွားခဲ့သည် ။

ညအိပ်ဝတ်ရုံကြီးနှင့်ပင် အလုပ်သမားများ အသင့်ပြင်ပေးထားသည့် မနက်စာကို အသင့်စား၊ တိုက်ကြက်လေးကို ရင်ခွင်ထဲ ထွေးပွေ့ကာ အမွှေးအမျှင်တို့ကို ပွတ်သပ်ပေးလျက် သူ့၏ တစ်နေ့တာက အထီးကျန် ပျင်းရိစွာ ။

အရင်လို အပြင်သွားချင်စိတ်လည်း မရှိသောကြောင့် TVရှေ့မှာ ထိုင်ရင်း ရီမုကိုင်ကာ TVလိုင်းများကို တစ်လိုင်းပြီး တစ်လိုင်း ပြောင်းကြည့်နေမိသည် ။

တိုက်ကြက်ကလည်း ပျင်းလာလို့လားမသိ ဂျောင်ကုနားကနေ ထွက်သွားပြီး စားပွဲပေါ်တက်လိုက် TVရှေ့ ဖြတ်လျှောက်လိုက် လည်စံမွှေး အတောင်အပံတို့ကို ခါလိုက်နှင့် ။

Difference between us (Complete)حيث تعيش القصص. اكتشف الآن