zawgyi
အနားသတ် မညီသော
အပိုင်း (၁၃)
Hotel၏ ကလေးသူငယ်များ ဆော့ကစားရန် ပြုလုပ်ပေးထားသည့် အခန်းတွင်း ။
ကင်မ်ထယ်ယောင်းက ကင်မ်နမ်ဂျွန်း၏တူလေးနှင့် အဖော်ပြုကာ ဆော့ကစားပေးနေသည် ။ထိုမြင်ကွင်းကို ပါးချိုင့်နက်နက် ထင်းသည်အထိ ပြုံးလျက် သဘောတကျနှင့် ကြည့်နေသော ကင်မ်နမ်ဂျွန်းအရှေ့မှာ ဂျောင်ကု ပိတ်ရပ်လိုက်သည် ။
" နမ်ဂျွန်းရှီက LAကို ဘယ်အချိန်လောက် ပြန်မှာလဲ..."
ဂျောင်ကု၏ လုပ်ရပ်ကို ကင်မ်နမ်ဂျွန်းက အနှောင့်အယှက် ဖြစ်ဟန်မပြဘဲ အပြုံးနှင့်သာ တုံ့ပြန်သည်မှာ လူကြီးလူကောင်း ပီသစွာ ။
" ဒီအပတ်ထဲပဲ ပြန်ဖြစ်မှာပါ.. အလုပ်ကိစ္စတွေကလည်း ပြီးသလောက် ဖြစ်နေပြီလေ.."
ကင်မ်နမ်ဂျွန်း၏ အဖြေကြောင့် ဂျောင်ကု နှုတ်ခမ်းပါးက အလိုကျသလို ကွေးညွှတ်သွားရသည် ။
ကင်မ်နမ်ဂျွန်း မြန်မြန်ပြန်လေ ကောင်းလေပဲ ။
မဟုတ်ရင် ကင်မ်ထယ်ယောင်းက သူတို့တူဝရီးနှင့်ပင် အချိန်အများဆုံး ကုန်ဆုံးပေးနေရသည် ။
" ကျွန်တော် LAကို မပြန်ခင် ကျေးဇူးတင်တဲ့အနေနဲ့ ဂျောင်ကုရှီနဲ့ ထယ်ယောင်းရှီကို ညစာဖိတ်ကျွေးပါရစေ.."
" အာ.. ရပါတယ်.. "
" ကျွန်တော့်စေတနာမို့ မငြင်းပါနဲ့..."
ကင်မ်နမ်ဂျွန်းက သူ့စကားအတိုင်း စားသောက်ဆိုင်တစ်ခု၌ ဂျောင်ကုနှင့် ထယ်ယောင်းကို ညစာ ဖိတ်ကျွေးသည် ။
" ကျွန်တော် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်..."
ဂျောင်ကု သီးသန့်စားသောက်ခန်းမှ ထလာကာ သန့်စင်ခန်းကိုဝင်ပြီး ကိစ္စဖြေရှင်းပြီး ပြန်လာခဲ့စဉ် စားသောက်ခန်းတွင်း ကြားလိုက်ရသည့် စကားသံသဲ့သဲ့ ။
" သေချာ ထပ်စဉ်းစားပေးပါ ထယ်ယောင်းရှီ... ကျွန်တော်က ထယ်ယောင်းရှီ လိုအပ်တာ မှန်သမျှ ပေးနိုင်ပါတယ်.. ကျွန်တော် ကမ်းလမ်းတာကို လက်ခံပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ.."
