zawgyi
အနားသတ် မညီသော
အပိုင်း (၁၀)
ကြက်စွပ်ပြုတ်ကို ပန်းကန်လုံးလေးထဲ ထည့်ရင်း ဟင်းရည်ကို တစ်ဇွန်း ခပ်မြည်းလိုက်သည့် ဂျောင်ကု ။
လျှာဖျားထဲ စွဲထင်ကျန်နေခဲ့သည့် အရသာက သူ စားခဲ့ဖူးသည့် ဟိုးအရင်တုန်းက လက်ရာအတိုင်း တစ်ထပ်တည်း ။
ကျစ်..။
ကင်မ်ထယ်ယောင်းနဲ့ ပတ်သက်သမျှ အသေးစိတ်ကအစ မှတ်မိနေတဲ့ မှတ်ဉာဏ်ကို အပြစ်ပင် တင်ချင်လာသည် ။
" ကျွန်တော့်ရဲ့သားကိုလည်း အစာကျွေးပေးဦး..."
ကြက်ပေါင်ကို ကိုက်လိုက်ရင်းမှ အမိန့်ပေးလာသည့် သူ့ကို ကင်မ်ထယ်ယောင်းက အမေးထုတ်သည့် မျက်ဝန်းနှင့်ကြည့်သည် ။
" သူက အိမ်ထဲမှာ လျှောက်သွားနေလိမ့်မယ်.. တိုက်ကြက် အမျိုးအစားပဲ.."
" တိုက်ကြက်??..."
နားမလည်သလို ပုံစံနှင့် ကင်မ်ထယ်ယောင်း ။
ဂျောင်ကု ကြက်ရိုးကို ပန်းကန်အလွတ်ထဲ ထည့်ကာ ရှင်းပြလိုက်သည် ။" ကြက်ဖကို ပြောတာ... အမောက်အနီရောင်လေးနဲ့.. ရှာသာ ရှာလိုက်ပါ.. သူတစ်နေရာရာမှာ ရှိလိမ့်မယ်.. "
" အာ..."
ထိုအခါမှ ကင်မ်ထယ်ယောင်းက သဘောပေါက်သွားဟန် ပေါ်လာပေမယ့် ပြောရခက်နေသလို နှုတ်ခမ်းပါးကို လျှာဖျားနှင့် အသာသပ်ရင်း ကြက်စွပ်ပြုတ်ကို ညွှန်ပြလာသည် ။
" ဘာလဲ..."
" သူ ထင်တယ်..."
" အမ်??..."
" အမောက် အနီရောင်လေးနဲ့.. ကျွန်တော် သူ့ကို ကြက်စွပ်ပြုတ် လုပ်လိုက်တယ်..."
လုံးဝ မထင်မှတ်ထားမိသည့်ကင်မ်ထယ်ယောင်း စကားကြောင့် ဂျောင်ကု မှင်သက်သွားရလျက် ကိုက်လက်စ ကြက်ပေါင်က လွှတ်ကျသွားခဲ့ရသည် ။
.
.
." ခင်ဗျား အတော်လေး ရက်စက်တာပဲ.. ကျွန်တော့်ရဲ့သားကို ကြက်စွပ်ပြုတ် လုပ်ပစ်တယ်.. အင့်..."
မျက်ရည်မကျအောင် တင်းခံထားသည့် ဂျောင်ကုအရှေ့မှာတော့ ကြက်စွပ်ပြုတ် ပန်းကန်လုံးက ပြောင်သလင်းခါလျက် ရှိနေကာ အရိုးစုတို့သာ ကျန်ရစ်သည် ။
