16

10.5K 1K 73
                                        

zawgyi

အနားသတ် မညီသော

     အပိုင်း (၁၆)

အဌားကားစီး၍ ထယ်ယန်းလေးနှင့်အတူ ဆေးရုံဆီသို့ လိုက်ပါလာသည့် တစ်လျှောက်လုံး ထယ်ယောင်း စိုးရိမ်ပူပန်မှုတို့ကြောင့် မျက်လုံးတို့က ဂနာမငြိမ် ။

တုန်ယင်နေသည့် လက်အစုံကို ထယ်ယန်းလေး သတိမပြုမိစေရန် ကွယ်ဝှက်ထားရင်း မျက်ရည်စများ ဝေ့၀ဲနေသည့် ထယ်ယန်းလေးကိုတော့ နှစ်သိမ့်မှု ပြုရသည် ။

" အမေက အဆင်ပြေသွားမှာပါ..."

ဆေးရုံသို့ရောက်လျှင် အမေရှိရာ လူနာအခန်းဆီ ညီအကိုနှစ်ယောက်လုံး အပြေးအလွှား ရောက်ရှိလာခဲ့သော်လည်း အမေ့အခန်းထဲ၌ ခြေချင်းယှက်လှိမ်လျက် ရှိနေသော ဆရာဝန်နှင့် သူနာပြုများ ။

အမေ့ကို စောင့်ရှောက်ပေးသည့် သူနာပြုအဒေါ်ကလည်း ထယ်ယောင်းတို့ ညီအကိုနှစ်ယောက်လုံးကို စိတ်မကောင်းစွာ ကြည့်သည် ။

" စိတ်မကောင်းပါဘူး... ကင်မ်ထယ်ယောင်းရှီ.."

ဆေးရုံကုတင်ထက် ငြိမ်သက်စွာ လဲလျောင်းနေသည့် အမေ့၏ခန္ဓာကိုယ် ။

ထယ်ယန်းလေးက ချုပ်မတီးနိုင်စွာ အမေ့၏ ခန္ဓာကိုယ်ကို ဖက်တွယ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးသည် ။

ထယ်ယောင်းကတော့ ခြေစုံရပ်လျက်သားနှင့်သာ အမေ့၏ခန္ဓာကိုယ်အား ငူငိုင်စွာ ကြည့်နေမိခဲ့သည် ။

လက်မလွတ်ပေးချင်ခဲ့ဘူး...။
ဒီအတိုင်း လွယ်လွယ်နဲ့ လက်မလွတ်ပေးချင်ခဲ့တာကို..။

အမေကတော့ သူတို့ညီအကိုနှစ်ယောက်အား ထားရစ် ထွက်ခွာသွားခဲ့ပြီ ။
.
.
.

" ဟုတ်တယ်.. ကိုကို ဒီဆေးရုံ..."

ဆေးရုံဝင်းထဲက လမ်းဘေးတစ်နေရာတွင် ဂျောင်ကု ကားကို ထိုးဆိုက်လိုက်ရင်း အခုထိ စုကြုံ့ထားမိဆဲ ဖြစ်သည့် မျက်ခုံးတန်းတန်း ။

" လိုက်ပို့ပေးလို့ ကျေးဇူးပဲနော်.. ကိုကို.. နာရယ် အခု အလျှင်လိုနေလို့.."

သူ့ဘေးတွင် ပါလာသည့် ပတ်ခ်နာရယ်က လုံခြုံရေးခါးပါတ်ကို ချွတ်ကာ ကားပေါ်ကနေ အလျှင်အမြန် ဆင်းသွားသည် ။

Difference between us (Complete)Tahanan ng mga kuwento. Tumuklas ngayon