5🍁🍂

270 16 6
                                    

"🎶ငွေသော်တာ....ရောင်ခြည်
ထိန်လင်းတော့မည်
ဘုံကြိုးပြတ်တဲ့....မိုးနတ်မဒီ
သဒ္ဒါက ပိုသည်
ဆရာမကိုပဲ အသည်းစွဲအောင် ချစ်မိပြီ.....🎶"

"ဟေ့ကောင်ရာ တော်ပါတော့ကွာ"

အောင်ဇော်၏ ကုတင်ပေါ်တွင် လွမ်းက နားနှစ်ဖက်ကို လက်ဖြင့်အုပ်ကာ အော်ဟစ်ရင်း လူးလှိမ့်နေသည်။အောင်ဇော်ကမူ လွမ်း၏ ဘေးတွင်
အကျအနထိုင်ကာ ဂစ်တာတစ်လက်ဖြင့်
နှိပ်စက်နေသည်။

"🎶ဒန့် ဒန် ဒန် ဒန် ငွေသော်တာ....ရောင်ခြည်🎶"

"ခွေးကောင်ရ တော်တော့လို့"

"ဘုတ်!"

"အ! နာတယ်ကွ ခွေးသားရဲ့"

စိတ်တိုစွာဖြင့် လွမ်းလှမ်းပစ်လိုက်သော ခေါင်းအုံးက အောင်ဇော်၏ ရင်ဘတ်သို့
တည့်မတ်စွာ ရောက်ရှိသည်။

အောင်ဇော်သည် လဝန်းပြီးလျှင် လွမ်း၏
အခင်ရဆုံး သူငယ်ချင်းပင်ဖြစ်သည်။
လဝန်းနှင့်က သိတတ်စတွင်ပင် ခင်မင်ခဲ့၍
အောင်ဇော်ကမူ တက္ကသိုလ်တွင်
စတင်ခင်မင်ခဲ့ရသည်။

နှစ်ယောက်လုံးမှာ လွမ်း၏ အရေးပါသော
လူများပင် ဖြစ်သည်။လွမ်းနှင့် အော်ဇော်မှာတော့
မေဂျာမတူပါ။လွမ်းက Lawဖြစ်၍
အောင်ဇော်က IR၊လဝန်းက မြန်မာစာဖြစ်သည်။
အောင်ဇော်က နယ်မှဖြစ်၍ အဆောင်ငှားကာ နေထိုင်သည်။လွမ်းသည်လည်း အောင်ဇော်ဆီသို့ မကြာမကြာပင် အလည်လာသည်။တစ်ခါတစ်ရံ ညပါအိပ်လိုက်သေးသည်။အဆောင်မှူးမှာ သဘောကောင်း၍ လွမ်းနှင့်လည်း အတော်ပင် ရင်းနှီးနေလေပြီ။

"မင်းပစ်လိုက်တဲ့ ခေါင်းအုံးက ငါ့နှလုံးသား
တည့်တည့်ကို လာမှန်တယ်ကွာ။
တစ်အား နာတာပဲ"

"စောက်ရူးကောင်"

လွမ်း ပြောလည်းပြောချင်စရာပင်။
အောင်ဇော်ဆိုသည်မှာ တစ်နေ့တွင်
နှစ်ဆယ့်ငါးနာရီ ဆွေးသည်။တစ်ခါတစ်ရံ ညလုံးပေါက်ပင် ထိုင်၍ ဆွေးတတ်သေးသည်။

အောင်ဇော်ဆိုသည်မှာ သနားစရာသတ္တဝါ
လွမ်းတို့မေဂျာရော လဝန်းတို့မေဂျာရောတွင်ပါ
မကြိုက်ဖူးသည့်ကောင်‌မလေးရှားသော်ငြား
ပြန်ကြိုက်ခြင်းမခံရသော အောက်ခြေလူတန်းစား။

လွမ်း(COMPLETE)Where stories live. Discover now