9🍁🍂

167 11 2
                                    

"လွမ်းခေတ် မင်း ဒီညအဆောင်မှာ
လာအိပ်ပါလား"

"ဘာဖြစ်လို့တုန်း"

"ငါပျင်းလို့ပါကွာ။ငါ့အခန်းဖော်ကလည်း သူ့ရွာခဏပြန်သွားတယ်"

"မင်းဟာမင်း တစ်ယောက်တည်းအိပ်ပေါ့"

"မင်းကလည်းကွာ လုပ်ပါ။
ငါကအသည်းကွဲထားတော့ နှလုံးသားကတစ်အားနုနယ်နေတာကွ။ညဘက်များဆို တစ်ယောက်တည်း အိပ်လို့တောင်မပျော်ဘူး"

"မင်းကဖြင့် အခုထိအသည်းကွဲနေ။ဌာနမှူးကဖြင့်
ရည်းစားတောင်ရလောက်ပြီ"

"မင်းကကွာ အဲ့လိုမပြောပါနဲ့။ငါငိုချင်လာပြီလို့
အီးဟီး"

အောင်ဇော်က ပြောရင်းဆိုရင်းဖြင့် မျက်ရည်တွေကျလာသောကြောင့် လွမ်းလဲအနည်းငယ်တော့ စိုးရိမ်သွားမိသည်။ထို့ကြောင့်

"အောင်ဇော်ရာ ငိုတော့ မငိုပါနဲ့ကွာ။
ငါလာအိပ်ပါ့မယ်"

မျက်ရည်တွေတစ်သွင်သွင်ကျနေသော အောင်ဇော်က လွမ်း၏ စကားကြားလျှင် ရှိသမျှ သွားအကုန်လုံးပေါ်အောင် ပြုံးပြသည်။

"ဟီးဟီး ကျေးဇူးတင်ပါတယ်ကွာ ဟဲဟဲ။
ငါတို့လွမ်းလေးက အကောင်းဆုံး"

အောင်ဇော်နှင့် လဝန်းဆိုသည်မှာကား တစ်ပုံစံတည်းပင်။လိုချင်တာအား ရလိုက်လျှင်
ရှိသမျှ သွားအကုန်ပေါ်ကာဖြီးပြကာ တဟီးဟီး
နှင့် ရယ်ပြုံးနေသည်မှာ မပြီးတော့။လွမ်းသည်ပင် သူတို့အစား သွားအအေးပတ်သည်။
ဟီး၍မပြီးနိုင်သေးသော မြင်းလောင်း
အောင်ဇော်ရှေ့တွင် စိတ်ပျက်လက်ပျက်
ထိုင်ကာကြံရာမရဖြစ်နေစဥ်တွင် ကယ်တင်ရှင်လေးက ပေါ်လာသည်။

"လွမ်းရေ"

"မောင်!"

"ပြန်မယ်မဟုတ်လား"

"ဟီး ဟုတ် ဟုတ်။အောင်ဇော် ငါသွားပြီနော်"

"ညကျရင် လာခဲ့နော် ဟေ့ကောင်"

"အေးပါဟ။ဦးချစ်ဆီက လက်ဖက်ရည်
တစ်ခွက်သာ ဝယ်ထား"

"အေး စားဖို့သောက်ဖို့ပဲတွေးနေ အငတ်ကောင်"

လွမ်း အောင်ဇော်ကို လျှာထုတ်ပြကာ အပြင်ထွက်လာခဲ့သည်။စာသင်ခန်းအပြင်တွင်တော့
မောင်က ထုံးစံအတိုင်းအပြုံးတစ်ခုနှင့်
စောင့်ကြိုလျက်ပင်။

လွမ်း(COMPLETE)Where stories live. Discover now