Recommed Song-နွေဦးကံ့ကော်
အချိန်သည် တစ်လခန့်ကြာသွားခဲ့လေပြီ။
ရာသီအလီလီက ဆောင်းကုန်ကာ နွေဦးသို့ကူးပြောင်းခဲ့လေပြီ။
နွေလေညင်းတဖြူးဖြူးက ပတ်ဝန်းကျင်အနှံ့သို့
သုတ်ဖြူးပေးနေသည်။နွေဦးရွက်ဟောင်းများက မြေပြင်ပေါ်သို့အလုအယက် ခုန်ဆင်းနေကြသည်။မြေနီလမ်းများတွင် ဖုန်တထောင်းထောင်း
ထနေပြီ။ခန့်ညားမောင်သည် ဒိုင်ယာရီစာအုပ်ညိုကို လက်တွင်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း
တစ်နေရာသို့ဦးတည်နေသည်။သူ၏မျက်လုံးများက ပကတိတည်ငြိမ်နေ၏။ဆုံးရှုံးစရာ
မရှိတော့သည့် လူတစ်ယောက်လို အပြုအမူများက အေးစက်နေသည်။လွမ်းမရှိတော့သည့်နောက်ပိုင်းမှစ၍ ခန့်ညားမောင်ကား လွမ်းနှင့်မဆုံတွေ့မီက ခန့်ညားမောင်ကဲ့သို့ဖြစ်သွား၏။လုပ်စရာရှိသည်များကို
စိတ်နှစ်၍လုပ်သည်။ကျန်သည့်အချိန်များတွင်မူ တစ်ယောက်တည်းငြိမ်ကာ ငိုင်နေတတ်သည်။
များသောအားဖြင့် အရိပ်ရရာအပင်တစ်ပင်အောက်တွင် ဒိုင်ယာရီစာအုပ်ဖြင့်သာ အချိန်ကုန်လေ့ရှိသည်။ခန့်ညားမောင်သည် အရင်လို
အချိန်တိုင်း ပြုံးမနေတတ်တော့၊အရင်လို
တတ်ကြွသော ခန့်ညားမောင်မဟုတ်ချေတော့ပေ။ဘဝတွင် နှစ်ခါချစ်ခဲ့သည်။နှစ်ခါလုံးတွင် အချစ်နှင့် လွဲခဲ့သည်။ခန့်ညားမောင်သည် အချစ်ကံခေလှပါ၏။
အချစ်ဦးနှင့်လွဲခဲ့သည်။
အချစ်ဆုံးကိုလည်း ဆုံးရှုံးရပြန်သည်။အချစ်ကံခေသော ကောင်လေးက နောက်ဆုံးတော့လည်း တစ်ယောက်တည်း။
ကိုကျော်ဟိန်းသီချင်းလိုပဲလေ...
တစ်ယောက်တည်းလား မေးတော့ ကိုယ် တစ်ယောက်တည်းပါ...၊ဟုတ်တယ်လေ အချစ်မှ မရှိတာ။ခန့်ညားမောင်သည် ကိုယ့်အတွေးနဲ့ ကိုယ်
ငြိမ်သက်နေရင်း သူ့နာမည်အားခေါ်သံကိုကြားရသည်။"ကိုခန့်ညား..."
လဝန်းပျို...
လဝန်းက စလင်းဘတ်လေးကို လက်တွင်ကိုင်ကာ သူ့ဆီသို့အပြေးလာသည်။
YOU ARE READING
လွမ်း(COMPLETE)
Romanceမောင်က အဲ့ဒီမျက်ဝန်းညိုတွေအတွက်ကြောင့်ပဲ ဒီသံသရာမှာ ခုံမင်စွာ ကျင်လည်ပေးခဲ့ပါတယ်။ စေလိုရာ စေပါစေ..လွမ်းဟာ မောင့်ရဲ့ အရှင်သခင်ပါပဲ။