17🍁🍂

80 7 4
                                    

မနက်ဝေလီဝေလင်း အချိန်။

ခန့်ညားမောင်တို့ သုံးယောက် မဟာမြတ်မုနိ
ရုပ်ပွားတော်ကြီးဆီသို့ ရောက်ရှိနေကြသည်။
ဦးငယ်နှင့် သီရိမေ၏ အဖေလည်းပါလာသည်။
ဘုရားမျက်နှာသစ်တော်ရေ ကပ်ချင်၍ စောစီးစွာလာခဲ့ခြင်းဖြစ်သည်။

သီရိမေနှင့် ဝေဇင်ရှင်းက ကျုံ့ကျုံ့လေးထိုင်ကာ
ဘုရားရှိခိုးနေကြသည်။ခန့်ညားမောင်က မျက်နှာသစ်တော်ရေ ကပ်နေသည်။ဦးငယ်နှင့်
သီရိမေ၏ အဖေကတော့ ဘယ်ပျောက်သွားမှန်းတောင် မသိ။

ထိုစဥ် သီရိမေတို့နှစ်ယောက်က ဘုရားရှိခိုးပြီး၍
ထလာသည်။လူကြီးနှစ်ယောက်ကိုတော့ အခုထိ
အရိပ်အယောင်ပင် မမြင်ရသေး။

ခန့်ညားမောင်တို့က မန္တလေးတွင် နှစ်ညအိပ်၍
သုံးရက်သာနေမည်ဖြစ်သည်။ဖေဖေ၏ အမှုနှင့်ပတ်သက်၍ ဦးငယ်နှင့်လည်း ဆွေးနွေးပြီးသွားပြီ။ဦးငယ်က မကြာမီ ရန်ကုန်တက်လာခဲ့မည်ဟုဆိုသည်။အမှုနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ရှာ‌ထားဦးမည်ဟု ပြောသေး၏။

သီရိမေနှင့် ဦးငယ်မှာ ထိုအချက်ကတော့ဖြင့်
တူသည်။မတရားသည့် ကိစ္စအား လက်ပိုက်
ကြည့်မနေပဲ ကူညီပေးတတ်တာမျိုး။

ခန့်ညားမောင်တို့က မဟာမြတ်မုနိပြီးလျှင်
ကျုံးဘေးတွင် နို့မလိုင်ဟင်းသွားစားကြမည်။
ထို့နောက် ကုသိုလ်တော်ဘုရားကိုလည်း
သွားဖူးကြမည်။ကျုံးဘေးကိုတော့ ညနေ နေစောင်းမှ သွားမည်ဖြစ်ကာ မန္တလေးတောင်
ဦးပိန်တံတားနှင့်ကိုဖြင့် မနက်ဖြန်ညနေမှ သွားကြမည်။

နေ့လည်ပိုင်းတွေအတွင်း ခန့်ညားမောင်၊သီရိမေနှင့် ဦးငယ်တို့က အမှုနှင့်ပတ်သက်၍စုံစမ်းကြမည်။နှစ်ရက် အချိန်ရသဖြင့် အားကြိုးမာန်တက်
စုံစမ်းကြမည်ဟု အားခံထားကြသည်။

"မေ ပြီးပြီလား"

"အင်း ပြီးပြီ သွားမယ်လေ"

"သီရိ‌ ဦးငယ်နဲ့  ဦးရော"

"ဟုတ်တယ် မေ၊ကိုယ်လည်း မတွေ့ဘူး"

"နို့မလိုင်ဟင်းပဲ သွားစားကြမယ်၊ဖေဖေနဲ့ ဦးငယ်က လိုက်မှာမဟုတ်ဘူး"

လွမ်း(COMPLETE)Where stories live. Discover now