ရန်ကုန်မြို့၏ အထင်ကရ ရုပ်ရှင်ရုံဖြစ်သော
ရွှေမန်းရုံတွင် လူအများဖြင့် စည်ကားနေသည်။
သေချာနားထောင်ကြည့်မည်ဆိုပါက ထိုအသံများကြားတွင် လဝန်းပျို၏ စျေးဆစ်သံများကိုပါ ကြားနိုင်မည်ဖြစ်သည်။"လဝန်းရာ လာပါတော့ဟာ ရုပ်ရှင်ပြတော့မယ်"
"နေစမ်းပါဦး ငါဒီမှာ ရအောင်ဆစ်ပြမယ်"
လဝန်းက သွားရန်ခေါ်နေသော အောင်ဇော်၏
လက်များကို ဖြုတ်ချ၍စျေးဆစ်ရန်အာရုံစိုက်သည်။အောင်ဇော်လည်း ပြောမရသော လဝန်းအကြောင်းကို သိသူမို့ ဘာမှမပြောပဲ ပတ်ဝန်းကျင်သို့သာ မျက်စိကစား၍ကြည့်နေလိုက်သည်။စျေးဆစ်လို့ပြီးတော့ သူလိုချင်သည့်စျေးနှင့်
ရသည့်အတွက် မိလဝန်းတို့က လေပေါ်မမြှောက်ရုံတမယ် ပြုံးဖြီး၍လျှောက်လာသည်။
အောင်ဇော်လည်း မနိုင်ဘူးဟူသည့် ပုံစံဖြင့် ခေါင်းကိုသာ ခါလိုက်သည်။နာမည်ကြီးရုပ်ရှင်ဇာတ်ကားမို့ ရုံထဲတွင်လည်း လူအပြည့်။လဝန်းပျိုနှင့် အောင်ဇော်လည်း
မုန့်ထုပ်များကို နေရာချပြီးနောက် မကြာမီ
မီးအမှောင်ကျသွားကာ နိုင်ငံတော်သီချင်းဆို၍
ရုပ်ရှင်စပြလေသည်။ရုပ်ရှင်ကြည့်နေရင်း ဘေးမှအောင်ဇော်ကိုကြည့်မိတော့ အိပ်ငိုက်နေသည်။လဝန်းလည်း မအီမသာပြုံးလိုက်ပြီး ဘေးပတ်ဝန်းကျင်သို့ မျက်စိကစားကြည့်ရာ နောက်ဆုံးခုံတွင် ထိုင်နေသော
အလွမ်းခေတ်ကို တွေ့လေသည်။သူနှင့် အောင်ဇော်မှာ လူများနေ၍က
တစ်ကြောင်း၊ရှေ့ခုံများက စျေးကြီး၍တကြောင်း
အလယ်လောက်ကိုရွေးခဲ့သော်လည်း နောက်ဆုံးခုံနှင့် နှစ်တန်းမျှလောက်သာခြားသည်။
လှမ်းကြည့်လျှင် မြင်ရမည့်အနေအထားပင်။အလွမ်းခေတ်က သွားစရာရှိလို့ သူမတို့နှင့်
မလိုက်ဘူးလို့ ပြောခဲ့ပြီးကာမှ ဘာထဖြစ်တာလဲ၊
သူ့သဲသဲလှုပ်ကြီးနဲ့ ရန်ဖြစ်လို့များလားမနေနိုင်သော ခေါင်းက လျှောက်တွေးနေ၍
ခေါင်းခါကာ ရုပ်ရှင်ကြည့်ဖို့အာရုံစိုက်လိုက်သည်။သူ့ဟာသူ ဘာဖြစ်ဖြစ်ပေါ့ ငါနဲ့ လားလားမှ
မဆိုင်။
YOU ARE READING
လွမ်း(COMPLETE)
Romanceမောင်က အဲ့ဒီမျက်ဝန်းညိုတွေအတွက်ကြောင့်ပဲ ဒီသံသရာမှာ ခုံမင်စွာ ကျင်လည်ပေးခဲ့ပါတယ်။ စေလိုရာ စေပါစေ..လွမ်းဟာ မောင့်ရဲ့ အရှင်သခင်ပါပဲ။